အင်ဒိုနီးရှား ငလျင်နှင့် ဆူနာမီ သတိပေးချက်။
ထိုင်းနိုင်ငံ Krabi ဒေသတွင် နိုင်ငံခြားခရီးသည်များအား လုံခြုံစိတ်ချရာ နေရာအမြင့်သို့ ပို့ ဆောင်စုစည်းစေပြီး ဆူနာမီရေလှိုင်းအန္တရာယ်အား ကြိုတင်ရှောင်ရှားမှု ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဖူးခက်ဒေသရှိ အခန်း ၁၁၇ ခန်းပါရှိသည့် ဟိုတယ်တစ်ခုပေါ်၏ အမိုးပေါ်တွင် ခရီးသွားဧည့်သည်များ တက်ရောက်ကာ ဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်မှု ကြိုတင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ Phang Nga ဒေသရှိ ကမ်းခြေတွင် 10cm ဆူနာမီ ရေလှိုင်း ရိုက်ခတ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရုပ်မြင်သံကြားမှ ထုတ်ဖေါ်ပြောဆိုပါသည်။ (20cm ဆူနာမီ ရေလှိုင်း ရိုက်ခတ်မှု ပမာဏသည် မော်တော်ကားတစ်စီးအား လွှင့်မြှောက်သွားစေနိုင်ပါစည်)။
အင်ဒိုနီးရှား ကမ်းခြေတွင် ရေလှိုင်းကြီးအချို့  ရိုက်ခတ်မှုကို မျက်မြင်သက်သေ (၃) ဦးမှ ပြောကြားကြောင်း Sky News မှ ထုတ်ဖေါ်ပြောဆိုပါသည်။
အိန္ဒိယနိုင်ငံ France's Reunion Island ကျွန်းတွင် ဆူနာမီးရေလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံ Sabang ဒေသတွင် 31cm ဆူနာမီရေလှိုင်းအချို့  ရိုက်ခတ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment