Friday, April 20, 2012

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကြတော့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်၊ သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ “စောင့်သိလိုက်နာတဲ့

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကြတော့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်၊ သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ “စောင့်သိလိုက်နာ ရိုသေ” ရမယ်လို့  ကွဲပြားစွာ ပြဌာန်းထားနေပါတယ်။































၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေမှာ - ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ကတိသစ္စာပြုချက် (သို့ ) ကျမ်းသစ္စာဆိုချက်ကိုကြတော့ “နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး” ဆိုပြီး ပြဌာန်းထားတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတနဲ့  ဒုတိယသမ္မတများအတွက် ကတိသစ္စာပြုချက်ကြတော့ “နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပြီး” လို့  ပြဌာန်းထားတယ်။



































ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကြတော့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်၊ သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ “စောင့်သိလိုက်နာ ရိုသေ” ရမယ်လို့  ကွဲပြားစွာ ပြဌာန်းထားနေပါတယ်။ အခုလို ကွဲပြားခြားနားနေတာ မဖြစ်သင့်ဘဲ အားလုံးဟာ တစ်ပြေးညီတည်း ဖြစ်သင့်ပါတယ်။































ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များတင်မက ယခင် လွှတ်တော်ကိုယ်စားလှယ်မည်သူမဆိုကိုကြတော့ ပြဌာန်းတာတစ်မျိုး သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ ပြဌာန်းတာတစ်မျိုး ဖြစ်နေတာဟာ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေမှာ သိသိသာသာ ကွဲပြား ခွဲခြားဖြစ်နေပါတယ်။ သမ္မတနဲ့  ဒုတိယသမ္မတတွေဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ မဟုတ်လို့ ပါလား။

ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး မတက်ခင် ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုရမယ့်အခါမှာ နိုင်ငံတော်အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်ဆိုတဲ့အစား “လေးစားလိုက်နာ” ရမယ်ဆိုတာ ပြင်ပေးဖို့ တင်ပြခဲ့တာကို အခု နိုင်ငံတော်အခြေခံဥပဒေခုံရုံးမှ ပယ်ချတယ်လို့  သိရပါတယ်။

ဒီအတွက် ပြောစရာတွေ ရှိပါတယ်။

၁။ နိုင်ငံတော်အခြေခံဥပဒေမှာ မှားယွင်းနေတာတွေ ရှိနေရင် ပြင်ဖို့  ပြင်လို့ မရဘဲ မျက်စိစုံမှတ်ပြီး အဆိုပါ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးကို အကာအကွယ်ပြု စောင့်ရှောက်ပေးနေရမှာလား။

၂။ နိုင်ငံတော်အခြေခံဥပဒေကို ပြင်ဆင်ဖို့  တင်ပြတဲ့အခါ လိုအပ်တဲ့အခါမှာ နိုင်ငံတော်အခြေခံဥပဒေခုံရုံးက ပယ်ချတယ်ဆိုတာ နိုင်ငံတော်အခြေခံဥပဒေကို ပြင်ဆင်မှုမှာ အမြင့်ဆုံးဆောင်ရွက်ခွင့်ဟာ ဘယ်သူတွေထံမှာ တည်ရှိပါသလည်း။

၃။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကြတော့ နိုင်ငံတော်အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” လို့  ပြဌာန်းတယ်၊ သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ နိုင်ငံတော်အခြေခံဥပဒေကို “စောင့်သိလိုက်နာ ရိုသေ” လို့  ပြဌာန်းတယ်ဆိုတာကို ပြင်ဆင်ပေးပါ။

၎။ နိုင်ငံတစ်နိုင်ငံရဲ့  နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေး၊ စစ်ရေး၊ တရားဥပဒေရေးနဲ့  စီးပွားရေးတွေမှာ နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာအရ ပြင်ဆင်ဖို့  အထူးလိုအပ်တဲ့အခါမှာ အမြင့်ဆုံးဆောင်ရွက်ခွင့်ဟာ လွှတ်တော် သမ္မတတွေလောက်နဲ့  မရပါဖူး။ ပြည်သူ့ ဆန္ဒရဲ့  သဘောထားကို ကောက်ယူရမယ်လို့  တရားဝင်ပြဌာန်းပေးပါ။

ယနေ့ ယခု လက်ရှိတည်ရှိပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေပါ အချက်အရ - သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ နိုင်ငံတော်အခြေခံဥပဒေကို “စောင့်သိလိုက်နာ ရိုသေ” လို့  ပြဌာန်းချက်အရ - တပြေးညီတည်း ဖြစ်စေရန်အတွက် နိုင်ငံတော်အခြေခံဥပဒေကို “စောင့်သိလိုက်နာ ရိုသေ” ပါမယ်ဆိုတာကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် မည်သူကိုမဆို ကျမ်းသစ္စာဆိုလို့  ရပါကြောင်း တရားဝင်ပြုသင့်ပါကြောင်း ပြောဆိုအပ်ပါတယ်။

(နစ်နေမန်း)။

No comments: