ဝါးခယ်မမြို့ နယ် ကျောင်းသားများသမဂ္ဂ (မြောင်းမြခရိုင်) ဖွဲ့ စည်းကြောင်းကြေညာချက်။
All Burma Federation of Student Unions (ABFSU)
ဝါးခယ်မမြို့ နယ် ကျောင်းသားများသမဂ္ဂ (မြောင်းမြခရိုင်) ဖွဲ့ စည်းကြောင်းကြေညာချက်။
၂၀၊၄၊၂၀၁၂။
ယနေ့ လက်ရှိအချိန်ကာလတွင် ကျွန်ုပ်တို့ နိုင်ငံ၌ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေပြီဟု သတ်မှတ်ထားသောကြောင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်များနှင့် ဆီလျော်သော လွပ်လပ်သည့် အသင်းအပင်း၊ အဖွဲ့ အစည်းများဖွဲ့ စည်းခွင့်ရှိသည်ဟု ယုံကြည်ပါသည်။
ကျောင်းသားများအနေဖြင့် ခေတ်အဆက်ဆက်က တည်ရှိခဲ့သော ကျောင်းသားသမဂ္ဂများကို ပြန်လည်ဖွဲ့ စည်းနိုင်မှသာ ကျွန်ုပ်တို့ ရရှိသင့် ရရှိအပ်သော ကျောင်းသားထု အခွင့်အရေးများကို အပြည့်အ၀ရရှိ ကာကွယ်နိုင်မည် ဟုလည်း သေချာပေါက်မျှော်လင့်မိပါသည်။
ထို့ကြောင့် ၂၀၊၄၊၂၀၁၂ နေ့ တွင် ၀ါးခယ်မမြို့ နယ်ကျောင်းသားများသမဂ္ဂ (မြောင်းမြခရိုင်) ကို ဖွဲ့ စည်းလိုက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏ မူဝါဒ(၅)ရပ်ဖြစ်သော-
(၁) အမျိုးသားနိုင်ငံရေး
(၂) ဒီမိုကရေစီရေး
(၃) ဒီမိုကရေစီပညာရေး
(၄) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးနှင့်
(၅) ပြည်တွင်းငြိမ်းချမ်းရေး တို့ကို ဆက်လက်စွဲကိုင်ပြီး
ကျွန်ုပ်တို့၏ မျှော်မှန်းချက်ဖြစ်သည့် ကျောင်းသားထုညီလာခံဆီသို့  ရှေ့ ဆက်ချီတက်သွားကြမည်ဖြစ်ကြောင်း ပြည်သူလူထုတစ်ရပ်လုံးကို အသိပေးကြေညာအပ်ပါသည်။
ဝါးခယ်မမြို့ နယ်ကျောင်းသားများသမဂ္ဂ(မြောင်းမြခရိုင်)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂ(၀ါးခယ်မ)ဖွဲ့ စည်းကြောင်းကြေညာချက်
၂၀၊၄၊၂၀၁၂။
ယနေ့လက်ရှိအချိန်ကာလတွင် ကျွန်ုပ်တို့ နိုင်ငံ၌ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေပြီဟု သတ်မှတ်ထားသောကြောင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်များနှင့် ဆီလျော်သော လွပ်လပ်သည့် အသင်းအပင်း၊ အဖွဲ့  အစည်းများဖွဲ့ စည်းခွင့်ရှိသည်ဟု ယုံကြည်ပါသည်။
ကျောင်းသားများအနေဖြင့် ခေတ်အဆက်ဆက်က တည်ရှိခဲ့သော ကျောင်းသားသမဂ္ဂများကို ပြန်လည်ဖွဲ့ စည်းနိုင်မှသာ ကျွန်ုပ်တို့ရရှိသင့် ရရှိအပ်သော ကျောင်းသားထုအခွင့်အရေးများကို အပြည့်အ၀ရရှိ ကာကွယ် နိုင်မည်ဟုလည်း သေချာပေါက် မျှော်လင့်မိပါသည်။
ထို့ကြောင့် ၂၀၊၄၊၂၀၁၂ နေ့ တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂ(၀ါးခယ်မ) ကို ဖွဲ့ စည်းလိုက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏ မူဝါဒ(၅)ရပ်ဖြစ်သော
(၁) အမျိုးသားနိုင်ငံရေး
(၂) ဒီမိုကရေစီရေး
(၃) ဒီမိုကရေစီပညာရေး
(၄) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးနှင့်
(၅) ပြည်တွင်းငြိမ်းချမ်းရေး တို့ကို ဆက်လက်စွဲကိုင်ပြီး
ကျွန်ုပ်တို့၏ မျှော်မှန်းချက်ဖြစ်သည့် ကျောင်းသားထုညီလာခံဆီသို့  ရှေ့ ဆက်ချီတက်သွားကြမည်ဖြစ်ကြောင်း ပြည်သူလူထုတစ်ရပ်လုံးကို အသိပေးကြေညာအပ်ပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂ ကို အောက်ပါစည်းရုံးရေးကော်မတီဝင်များဖြင့် ဖွဲ့  စည်းလိုက်ပါသည်။
(၁) ကိုရဲလင်း(ဥက္ကဌ)
(၂) ကိုမာန်ဇော်(ဒုဥက္ကဌ-၁)
(၃) ကိုကျော်ဝင်းထိုက်(ဒုဥက္ကဌ-၂)
(၄) ကိုညီလင်းခိုင်(အထွေထွေအတွင်းရေးမှုး)
(၅) ကိုထွန်းလင်းအောင်(တွဲဖက် အထွေထွေအတွင်းရေးမှုး-၁)
(၆) ကိုမင်းခန့် ကို (တွဲဖက် အထွေထွေအတွင်းရေးမှုး-၂)
(၇) ကိုသက်အောင် (သတင်းနှင့်ပြန်ကြားရေးကော်မတီ)
(၈) မအိအိခိုင် (ဘဏ္ဍာရေးကော်မတီ)
(၉) မအိန္ဒြာခင်ခင်ကြီး (မှတ်တမ်းနှင့်သုတေသနကော်မတီ)။
စည်းရုံးရေးကော်မတီ
အစိုးရစက်မှုလက်မှုသိပ္ပံ (၀ါးခယ်မ)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ ချုပ်။
No comments:
Post a Comment