လူနေအိမ်ခြေတွေအနား ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတည်ဆောက်ထားတာ ကျန်းမာရေးအရ အထူးထိခိုက်နိုင်တာမို့  ပြည်သူတွေက စာရေးတင်ပြ။
ဖေါ်ပြပါ ပြည်သူတွေရဲ့  တိုင်စာကို ဖတ်ရတဲ့အခါမှာ ယခင်က ဖေါ်ပြခဲ့ဖူးတဲ့ မြန်မာနိုင်ငံကို တရုတ်က အကူအညီပေးတဲ့ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ သုံးစွဲတဲ့ ကျောက်မီးသွေးရဲ့  အန္တရာယ်အကြောင်းကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။ ဒီဖေါ်ပြချက်နဲ့  ယခု ပြည်သူလူထုရဲ့  စိုးရိမ်စွာနဲ့  တိုင်ကြားချက်ကို အလေးအနက်ထားပြီး တာဝန်ရှိသူတွေက အမြန်ဆုံး ဆောင်ရွက်ပေးသင့်တယ်လို့  ယူဆပါတယ်။
ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး - ကျောက်မီးသွေးသုံးလို့  ရရှိတဲ့ ပြဿနာတွေ သိကြဖို့  ဖေါ်ပြလိုပါတယ်။
ကျောက်မီးသွေး သုံးလို့  အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ဖြစ်ခဲ့ပါတယ်။
၁။ ရောဂါဘေးဆိုးများ အန္တရာယ်။
ကျောက်မီးသွေးများ လောင်ကျွမ်းရာကနေ ထွက်ပေါ်လာတဲ့ မီးလောင်ငွေ့ ဟာ လူအပါအ၀င် သက်ရှိသတ္တ၀ါတွေရဲ့  အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ၊ နှလုံးပိုင်းဆိုင်ရာနဲ့  ဦးနှောက်နဲ့  အာရုံကြောဆိုင်ရာတွေကို ထိခိုက်စေပါတယ်။
ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတ်ငွေ့ တွေကြောင့် နှလုံးရောဂါနဲ့  အဆုတ်ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။
ထို့ အပြင် ကလေးတွေမှာ မွေးဖွားတဲ့အချိန်က စပြီး နှုတ်ခမ်းကွဲနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် မာကျူရီပြဒါးဓါတ်တွေ ထွက်ပေါ်လာပြီး အဆိုပါ မာကျူရီပြဒါးဓါတ်ဟာ လူ့ ခန္ဓာကိုယ်ကို အဆိပ်သင့်စေပါတယ်။ ဒီ မာကျူရီပြဒါးဓါတ်ကို ငါးတွေ သောက်သုံးရေတွေထဲ စိမ့်ဝင်နေရာကနေတစ်ဆင့်လည်း လူတွေဆီရောက်ရှိပြီး ခန္ဓာကိုယ်အဆိပ်သင့်စေတတ်ပါတယ်။
၂။ လေထုညစ်ညမ်းမှု အန္တရာယ်နဲ့  အက်ဆစ်မိုးရွာသွန်းခြင်း။
ကျောက်မီးသွေးထုတ်လုပ်မှု၊ ကျောက်မီးသွေးလောင်ကျွမ်းမှုနဲ့  ကျောက်မီးသွေးအလေအလွင့်၊ ကျောက်မီးသွေးမိုင်းတွင်း စွန့် ပစ်ပစ္စည်းတွေကြောင့် ရေထု မြေထု အထူးသဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။
ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ ဆာဖာဒိုင်အောက်ဆိုဒ်၊ နိုက်တြိုဂျင်အောက်ဆိုဒ်ဓါတ်ငွေ့ တွေဟာ အက်ဆစ်မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေပါတယ်။ အက်ဆစ်မိုးကို ရုတ်တရက်အားဖြင့် သာမန်မိုးနဲ့  ခွဲခြားမြင်ဖို့  ခဲယှဉ်းပါတယ်။ ကျောက်မီးသွေးသုံးစွဲတဲ့ အနီးအနားက ပတ်ဝန်းကျင်ဒေသတွေမှာ အက်ဆစ်မိုးရွာသွန်းပြီး ဒီအက်ဆစ်မိုးကြောင့် နှလုးရောဂါနဲ့  အဆုတ်ရောဂါတွေဖြစ်တဲ့ ရင်ကြပ်ပန်းနာ၊ လည်ချောင်းနာတွေကို ဖြစ်ပါတယ်။
၃။ ကျောက်မီးသွေးအပိုင်းအစများ အန္တရာယ်။
ကျောက်မီးသွေးသုံးစွဲမှုကနေ ထွက်ရှိလာတဲ့ သေးငယ်လွန်းလှတဲ့ ကျောက်မီးသွေးအပိုင်းအစလေးတွေဟာ အနီးအနား နေရာဒေသ အပါအ၀င် ပတ်ဝန်းကျင်ဒေသတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဆိုပါနေရာဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့  ရေတွေ၊ လေတွေ၊ မြေတွေကို အဓိက ထိခိုက်စေတာ ဖြစ်ပါတယ်။ ကျောက်မီးသွေးသဘာဝဟာ မြေကြီးအောက်မှာ နှစ်သန်းပေါင်းများစွာ ဖွဲ့ စည်တည်ဆောက်ဖြစ်ပေါ်လာတာမို့  ကျောက်မီးသွေးအမှုန်အစအနတွေဟာ တော်ရုံတန်ရုံနဲ့  မပျောက်ပျက်သွားပါဖူး။
ဒါကြောင့်မို့ လို့  ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ နိုင်ငံအစိုးရတွေနဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်းတွေကနေ ကျောက်မီးသွေးသုံးစွဲမှုတွေမှာ ကျောက်မီးသွေး အလေအလွင့်အစအနတွေ လက်လွယ်စပယ် မစွန့် ပစ်ရအောင် ပြင်ပကို အလွယ်တကူ မပြန့် နှံ့  မရောက်ရှိရအောင် စနစ်တကျနဲ့  သေချာစွာ ဆောင်ရွက်ဖို့  ဥပဒေတွေ တားမြစ်ချက်တွေ နည်းစနစ်တွေနဲ့  ထိန်းချူပ်ပေးကြပါတယ်။
ဒီတော့ အချူပ်ပြန်ဆိုရရင် အခြားသောတိုးတက်သည့် နည်းလမ်းများ၊ ကျောက်မီးသွေးထက် ပိုသင့်တော်သော အခြားသဘာဝပစ္စည်းများဖြစ်ကြတဲ့ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ ရေအားတွေနဲ့  လျှပ်စစ်မီးထုတ်လုပ်နိုင်ရဲ့ သားနဲ့  နိုင်ငံခြားတိုင်းပြည်များကိုကျတော့ ရောင်းချပြီး ပြည်တွင်းအတွက်ကျတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကျောက်မီးသွေးနဲ့  လျှပ်စစ်ဓါတ်အားထုတ်တာ ကိုယ့်ရဲ့  ပြည်သူလူထုကို တမင်သက်သက် ဒုက္ခပေးနေတာ ဖြစ်ပါတယ်။
ဒီအတွက် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းအစား မြန်မာပြည်တွင်းအတွက် မြန်မာပြည်သူလူထုအတွက် စေတာနအစစ်အမှန်ထားတယ် ပြည်သူ့ အကျိုးကို လေးလေးနက်နက် ဦးထိပ်ထားဆောင်ရွက်တယ်ဆိုရင် သိန်းစိန်တို့ အနေနဲ့  မြန်မာပြည်သူတွေ မီးအလင်းရောင်ရဖို့  ကျန်းမာရေးမထိခိုက်စေဖို့  သဘာဝဓါတ်ငွေ့ တွေ ရေစွမ်းအားတွေနဲ့ ဘဲ လျှပ်စစ်ဓါတ်အားတွေ လုပ်ဆောင်ပေးပါလို့ ။ ပြည်ပကို ရောင်းစားနေတဲ့ နိုင်ငံခြားသားတွေသာ အကျိုးအမြတ်ရရှိနေတဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့် ပြီး မြန်မာပြည်တွင်းအတွက်သာ အမြန်ဆုံးဆောင်ရွက်ပေးဖို့  တိုက်တွန်းလိုက်ရပါတယ်။
No comments:
Post a Comment