Monday, April 30, 2012

ရေကြောင်းသိပ္ပံ ကျောင်းသားဟောင်းများအဖွဲ့ ( CE- 24 ) ၏ မြတ်သောဒါန။

ရေကြောင်းသိပ္ပံ ကျောင်းသားဟောင်းများအဖွဲ့ ( CE- 24 ) ၏ မြတ်သောဒါန။



ရေကြောင်းသိပ္ပံမှ ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်သော ( CE- 24) မှ ကျောင်းသားဟောင်းများ စုပေါင်း၍ အလှူငွေထည့်ဝင်ပြီး ဆင်းရဲနွမ်းပါး၍ ပညာရေး နိုမ့်ကျနေသော ကလေးများအား ကူညီပေးရန် ရည်ရွယ်ချက်ဖြင့် အမေ့အလင်းရောင်ပညာဒါနကျောင်း၊ ကော့မှူးမြို့ နယ်သို့ (၂၉.၄.၁၂) ရက်နေ့ က အောက်ဖေါ်ပြပါ အလှူပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းသွားခဲ့ကြပါသည် ။

(၁) ကလေးများ ဗုဒ္ဓဘာသာအခြေခံရရှိစေရန် ဘုရားဆင်းတုတော်တစ်ဆူ။

(၂) ကလေးများ အလင်းရောင်လုံလောက်စွာဖြင့် ပညာသင်ကြားနိုင်ရန် (၄) ပေ မီးချောင်း (၁၀) ချောင်း။

(၃) ကလေးများ အေးမြသန့် ရှင်းသောရေကို သောက်သုံးနိုင်ရန် ရေအေးစက် (၁) လုံး။

(၄) ကျောင်းရန်ပုံငွေအဖြစ် အလှူငွေ (၈၂၅၀၀၀) ရှစ်သိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှလည်း (USA) မှ ကိုတင်ထက်ကိုကိုနှင့် မောင်နှမများ လှူဒါန်းသည့် Computer တစ်စုံကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဤ မြတ်သောဒါနကို အာလုံး သာဓု ခေါ်နိုင်ကြပါစေ။

ပညာရေးကွန်ရက်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်။

No comments: