ငှက်အော်စမ်းကလေးလူငယ်ထိန်းသိမ်းစောက်ရှောက်ရေးကျောင်းမှ ကလေးငယ်များအား မွေးနေ့  အလှူဒါန ပြုလုပ်။
လူငယ်ဓာတ်ပုံဆရာ အဏ်ထော်ဏီမှ ၄င်း၏ (၄၅) နှစ်ပ်ြည့်မွေးနေ့ကို ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းကလေးလူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးကျောင်း (ကလေးထောင်) တွင် ဖိတ်ကြားထားသော အနုပညာရှင်များ၊ အဆိုတော်များ၊ လူမှုရေးအဖွဲ့အသီးသီးမှ စေတနာရှင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူကြီး လူငယ်များ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
မွေးနေ့ရှင်ဖြစ်သူ လူငယ်ဓာတ်ပုံဆရာ အဏ်ထော်ဏီမှ ဖိတ်ကြားထားသော ဧည့်သည်များနှင့် ထိန်းသိမ်းရေးကျောင်းတွင် အကျဉ်းကျနေသော ကလေးလူငယ် (၃၀၀) ကျော်ကို နေ့လည်ချိန်တွင် ထောပတ်ထမင်းနှင့် စားသောက်ဖွယ်ရာအစုံ ကျွေးမွေးလှူဒါန်းနိုင်ခဲ့ပါသည်။
ထို့ အပြင် မွေးနေ့ရှင် လူငယ် ဓာတ်ပုံဆရာ အဏ်ထော်ဏီ၊ အဆိုတော်ရုပ်ရှင်သရုပ်ဆောင် စုမိ၊ စိုးရန်အောင်၊ ရှင်းရှင်း အစရှိသော အနုပညာရှင်များ၊ ဟုန်းရှင်းကုမ္ပဏီမှ အလှူရှင်များ၊ ရွှေငါးမောင်မောင် ဦးချိုတို့မှ အကျဉ်းကျနေသော ကလေးလူငယ်များအတွက် အင်္ကျီနှင့် ငွေသားများကိုလည်း လှူဒါန်းနိုင်ခဲ့ကြပါသည်။
(သတင်း/ဓာတ်ပုံ - လင်းဆက်)။
No comments:
Post a Comment