တိုင်းရင်းသားပြည်သူလူထုအတွက် တပ်မတော်၏ အဓိက တာဝန်။

တိုင်းရင်းသားပြည်သူလူထုအတွက် တပ်မတော်၏ အဓိက တာဝန်။
မြန်မာနိုင်ငံ ရေမြေဒေသပေါ်၌ မှီတင်းနေထိုင်ကြသော တိုင်းသူပြည်သား တိုင်းရင်းသားပြည်သူလူမျိုးများအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ အစည်းများတွင် အဓိက တာဝန်ရှိသည်။
တိုင်းသူပြည်သား တိုင်းရင်းသားပြည်သူလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာဆုံးရှုံးစေသော လုပ်ရပ်များကို တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ အစည်းများ ကိုယ်တိုင်မှလည်း ရှောင်ရှား၍ ပြည်သူလူထုက ပေးအပ်ထားသော ပြည်သူ့  အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို တပ်မတော်မှ ကျေပွန်စွာ ထမ်းဆောင်ရန် ဖြစ်သည်။
တပ်မတော်သားတို့ ၏ သစ္စာအဓိဋ္ဌာန် (၄) ရပ်။
- ငါတို့ သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ သစ္စာကို စောင့်သိရိုသေပါမည်။
(နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပြီး၊ နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံသားအဖြစ် ခံယူထားသူ သတ်မှတ်ခြင်းခံထားရသူ လူမျိုးမရွေး ဘာသာမရွေး မည်သူမဆို ဖြစ်သည်။ နိုင်ငံတော်အား အုပ်ချူပ်နေသူများသာမက သာမန်ပြည်သူပြည်သားများ အားလုံးအကျူံးဝင်သည်။ ဤအချက်ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ သစ္စာကို စောင့်သိရိုသေရာတွင် တိုင်းပြည်အုပ်ချူပ်နေသော အစိုးရ၏ သစ္စာကိုသာမက ပြည်သူလူထု၏ သစ္စာကိုပါ စောင့်သိရိုသေရမည် ဖြစ်သည်)။
- ငါတို့ သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို စောင့်သိရိုသေပါမည်။
(တပ်မတော်သားဟု ဆိုရာတွင် မြန်မာ့တပ်မတော် စတင်တည်ထောင်ခဲ့သည့်အချိန်မှ အစ ယခုလက်ရှိ တပ်မတော်အထိ ပါဝင်သည်။ တပ်မတော်၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရင်း အသက်စွန့် လွှတ် ကျဆုံးခဲ့သည့် မည်သည့်တပ်မတော်သား၏ သစ္စာကိုမဆို စောင့်သိရိုသေရန် ဖြစ်သည်။ ဤအချက်ကြောင့် တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော မျိုးချစ်တပ်မတော်သားများ၊ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် တပ်မတော်၏ တာဝန်များသာမက အခြားသော တိုင်းပြည်တာဝန်များ အမျိုးသားရေးတာဝန်များကို ဆောင်ရွက်ရင်း ကျဆုံးခဲ့ကျရသော ခေတ်အဆက်ဆက်မှ တပ်မတော်သားများ၏ သစ္စာကို စောင့်သိရိုသေရမည် ဖြစ်သည်)။
- ငါတို့ သည် အထက်မှ ပေးအပ်သော အမိန့် နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
(တပ်မတော်သားတို့ အား ပေးအပ်လာသော အမိန့် နှင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် “အထက်မှ” ဟု ဆိုရာတွင် တပ်မတော်တွင် အဆင့်ဆင့် ရာထူးတာဝန်များဖြင့် စနစ်တကျ ဖွဲ့ စည်းထားမှုကြာင့် တပ်မတော်၌ “အထက်” ဆိုသည်မှာ တပ်မတော်၏ အဆင့်အမြင့်ဆုံး ရာထူးတာဝန်ထမ်းဆောင်သူများနှင့် အဆင့်ဆင့် ရာထူးတာဝန်ယူ ဆက်ခံသူများကို ရည်ညွှန်းခြင်း ဖြစ်သော်လည်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ သစ္စာကို စောင့်သိရိုသေကြရမည့်သူများ ဖြစ်သဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ မှ ပေးအပ်လာသော အမိန့် နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်သည်။ တိုင်းပြည်၏ အချူပ်အခြာအာဏာအမြင့်ဆုံး နိုင်ငံတော်ဖွဲ့ စည်းအခြေခံဥပဒေနှင့် တစ်ကွသော တရားဥပဒေများနှင့် အညီ ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်များမှ ပေးအပ်သော အမိန့် နှင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်သည်၊ ပြည်သူများမှ ပေးအပ်သော အမိန့် နှင့်တာဝန်ကို တပ်မတော်သားတို့ အတွက် ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်သည်။ တပ်မတော်အတွင်းမှ ဖြစ်စေ တပ်မတော်ပြင်ပမှ ဖြစ်စေ တစ်ဦးတစ်ယောက်က ပေးအပ်လာသော၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို သွေဖီဆန့် ကျင်သော၊ တရားဥပဒေနှင့် မညီသော အမိန့် နှင့် တာဝန်သည် ကျေပွန်အောင်ထမ်းဆောင်ရမည့် စစ်မှန်သော အမိန့် နှင့် တာဝန် မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံ၏ အမြင့်မားဆုံး အချုပ်အခြာအာဏာပိုင်သည် တိုင်းသူပြည်သားများသာ ဖြစ်သည့်အတွက် အထက်မှ အမိန့် နှင့် တာဝန်ဟုဆိုရာတွင် ပြည်သူများမှ ပေးအပ်သော အမိန့် နှင့် တာဝန်ဖြစ်သည်။
- ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏ အသက်ကို စွန့် လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။
ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်တံ့ခိုင်မာရေးနှင့် ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့ ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ရမည့် တပ်မတော်၏ အဓိကတာဝန်အား ထမ်းဆောင်ရာတွင် အသက်ကို စွန့် လွှတ်ရဲသည်အထိ ကျေပွန်အောင် ဆောင်ရွက်မည် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ဆောင်ရွက်နေကြသော ပြည်သူ့ တပ်မတော်သားများအား တိုင်းပြည်နှင့် ပြည်သူလူထုမှ အလေးထား ဂုဏ်ပြုကြမည်မှာ မလွဲမသွေ ဖြစ်ပါသည်။
ထို့ အတွက် -
မြန်မာနိုင်ငံ ရေမြေဒေသပေါ်၌ မှီတင်းနေထိုင်ကြသော တိုင်းသူပြည်သား တိုင်းရင်းသားပြည်သူလူမျိုးများအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ အစည်းများတွင် အဓိက တာဝန်ရှိသည်။
တိုင်းသူပြည်သား တိုင်းရင်းသားပြည်သူလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာ ဆုံးရှုံးစေသော လုပ်ရပ်များကို တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ အစည်းများ ကိုယ်တိုင်မှလည်း ရှောင်ရှား၍ ပြည်သူလူထုက ပေးအပ်ထားသော ပြည်သူ့  အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို တပ်မတော်မှ ကျေပွန်စွာ ထမ်းဆောင်ရန် ဖြစ်သည်။
No comments:
Post a Comment