Saturday, July 7, 2012

ယနေ့  မနက်က ကျင်းပခဲ့တဲ့ 7 July နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် အခမ်းအနား။

ယနေ့  ဇူလိုင် (၇) ရက်နေ့၊ စနေနေ့ နံနက် (၉း၀၀) နာရီကနေ စတင်ဖွင့်လှစ်လိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချူပ် (ဗကသ) “All Burma Federation of Student Unions (ABFSU) - 7 July နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ကျင်းပခဲ့ပါသည်။

















ယင်းအခမ်းအနားပွဲသို့ မြောက်ဒဂုံမြို့နယ်၊ မကွေးပရိယတ္တိကျောင်းတိုက်ဆရာတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဘဘဦးဝင်းတင်၊ NLD လူငယ်များ၊ ၈၈ မျိုးဆက် ကျောင်းသား ကျောင်းသူများ၊ ဗကသ ကျောင်းသား ကျောင်းသူများ၊ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်နှင့် ဓာတ်ပုံဆရာ ကိုအောင်ကို (မိုးသွန်း)၊ မီဒီယာ ဂျာနယ်လစ်များ အားလုံး တစ်ရာကျော် တတ်ရောက်ခဲ့ကြပါသည်။

7 July နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပချိန်တွင် မိုးများရွာသွန်းနေသည့်ကြားမှ ထီး ကိုယ်စီဖြင့် ၈၈ မျိုးဆက်ရုံး ပြင်ပ လမ်းမပေါ်ထိအောင် တက်ရောက်သူများစွာဖြင့် စည်ကားစွာ ကျင်းပခဲ့ပါသည်။





















































































































ယနေ့  မနက် အခမ်းအနားမတိုင်မီ မနေ့  ဇူလိုင် (၆) ရက်နေ့ ည (၉း၄၅) နာရီခန့် တွင် ရန်ကုန်တိုင်းမှ ဗကသအဖွဲ့ဝင်များ ကျောင်းသူကျောင်းသားများဖြစ်ကြသော ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းနှင့် မဖြိုးဖြိုးအောင်တို့အား စစ်ဆေးရန်အတွက် ခေတ္တခဏဆိုပြီး အာဏာပိုင်အဖွဲ့အစည်းများက ခေါ်ယူဖမ်းဆီးသွားခဲ့ကြောင်း ဗကသကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌဖြစ်သူ ကိုကျော်ကိုကိုမှ ယင်းအခမ်းအနားပွဲတွင် ပြောကြားခဲ့ပါသည်။

ထိုကဲ့သို့ အလားတူပင် ဗကသကျောင်းသူကျောင်းသားများဖြစ်ကြသည့် မန္တလေးတိုင်းမှ ကိုအောင်မှိုင်းဆန်း၊ ကိုအောင်ကျော်မိုး၊ ကိုသန်းထိုက်၊ ကိုမင်းခန့်၊ စစ်ကိုင်းတိုင်း ရွှေဘိုမှ ကိုပြည့်ဖြိုးကျော်တို့ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၁) ဦး စုစုပေါင်း (၅) ဦး၊ မြင်းခြံမြို့ မှ ( ၇) ဦး၊ မုံရွာမြို့ မှ (၄) ဦးနှင့် လားရှိုးမြို့ မှ (၄) ဦး အား စစ်ဆေးရန်အတွက် ခေတ္တခဏဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်းလည်း ရန်ကုန်မှ ဗကသကျောင်းသားလူငယ်တစ်ယောက်က ပြောဆိုခဲ့ပါသည်။

(သတင်း/ဓါတ်ပုံ - လင်းဆက်)။

No comments: