“ဖမ်းဆီး ကျောင်းသား ချက်ချင်း လွှတ်”
“ဖမ်းဆီး ကျောင်းသား ချက်ချင်း လွှတ်”
ရဟန်းရှင်လူပြည်သူတွေရဲ့  ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုတွေ၊ အထိမ်းအမှတ် အခမ်းအနား ကျင်းပမှုတွေကို အနှောင့်အယှက်ပေးတာ စစ်ဆေးမေးမြန်တာ တားဆီးချူပ်ချယ်တာ ဖမ်းဆီးထိန်းသိမ်းတာတွေဟာ ယခုအခြေအနေ အချိန်အခါမှာ အလျဉ်းမပြုလုပ် သင့်တဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။
ဒီလို မတရားမှုတွေကို ဆက်လုပ်နေခြင်းဟာ တိုင်းပြည်ကို လက်ရှိ အုပ်ချူပ်နေပါတယ်ဆိုသူတွေရဲ့  ခေတ်နောက်ပြန်ဆွဲနေတဲ့ လုပ်ရပ်ဘဲ ဖြစ်ပါတယ်။
မနေ့ ညက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းသူကျောင်းသားများအားလုံးနဲ့  လက်ရှိ အကျဉ်းထောင်တွေတွင်းမှာ ကျန်ရစ်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့  တောင်းဆိုလိုပါတယ်။
လက်ရှိ တိုင်းပြည်ကို အုပ်ချူပ်နေပါတယ်ဆိုသူတွေအနေနဲ့  ရဟန်းရှင်လူပြည်သူအပေါင်းတို့ ရဲ့  ယုံကြည်မှု လက်တွဲပူးပေါင်းဆောင်ရွက်မှုကို အမှန်တကယ် ရိုးသားစွာနဲ့  လိုလားတယ်ဆိုရင် ဒီလို မတရားလုပ်ရပ်တွေ ရပ်တန့် ဖို့  လိုပါတယ်။
No comments:
Post a Comment