Wednesday, July 18, 2012

မကြာခင်မှာ ကျင်းပတော့မယ့် အိုလံပစ်အားကစားပွဲတော်မှာ ၀တ်ဆင်ရမယ့် ၀တ်စုံတွေကို တရုတ်ပြည်မှာမှ မဟုတ်ဖူး အရင်ကလည်း မြန်မာပြည်ကနေ ချုပ်ခဲ့တာတဲ့။




































မကြာခင်မှာ ကျင်းပတော့မယ့် အိုလံပစ်အားကစားပွဲတော်မှာ ၀တ်ဆင်ရမယ့် ၀တ်စုံတွေကို တရုတ်ပြည်မှာမှ မဟုတ်ဖူး အရင်ကလည်း မြန်မာပြည်ကနေ ချုပ်ခဲ့တာတဲ့။

အခုမကြာခင်မှာ ကျင်းပတော့မယ့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ က အိုလံပစ်အားကစားပွဲတော်ကို တက်ရောက်ကြမယ့် အမေရိကန်နိုင်ငံရဲ့  အိုလံပစ်ဝတ်စုံဟာ တရုတ်နိုင်ငံမှာ ချူပ်လုပ်တာ ဖြစ်နေလို့  အမေရိကန်နိုင်ငံမှာ ဂယက်ရိုက်ခတ်မှု ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်အချိန်ကာလ မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ ထားတဲ့ အချိန်ကာလအတောအတွင်း အမေရိကန်နိုင်ငံ၊ Salt Lake City မြို့ မှာ ကျင်းပခဲ့တဲ့ ဆောင်းတွင်းအိုလံပစ်အားကစားပွဲတော်မှာ အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်ခဲ့တဲ့ ၀တ်စုံတွေကို မြန်မာပြည်ကနေ မှာယူချူပ်လုပ်ခဲ့တာဟာ မသင့်တော်ဖူးလို့  ယခုအခါမှာ သတင်းထွက်ပေါ်လျက် ရှိပါတယ်။

ထို့ အတူ “Made in Myanmar” ဆိုတဲ့ တံဆိပ်နဲ့  အမျိုးသားဝတ်ရှပ်အင်္ကျီတွေ အမျိုးသမီးဝတ် အောက်ခံ ဘရာဇီယာတွေကို နိုင်ငံခြားက နာမည်ကြီး ကုန်တိုက်တွေမှာ ရောင်းချနေတာတွေကို လွန်ခဲ့တဲ့ နှစ် (၁၀) နှစ်အတွင်းမှာ မြင်တွေ့ ခဲ့ရပါတယ်။

နိုင်ငံတကာက ပြည်သူတွေ အမြင်မှာတော့ မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ မှုတွေ လုပ်ထားတယ်၊ ပြည်ဝင်ခွင့်တွေ ပိတ်ထားတယ်၊ လက်နက်ရောင်းချမှုတွေကို ပိတ်ထားတယ်လို့  ဥပဒေတွေထုတ် တားမြစ်ချက်တွေ ပြဋ္ဌန်းနဲ့  အဆိုပါ နိုင်ငံခြားတိုင်းပြည်တွေကဘဲ အများပြည်သူ မသိအောင် တစ်ဘက်ကနေ မလိမ့်တစ်ပတ် ခွင့်ပြုနေတာလား ဒါမှမဟုတ် မြန်မာပြည်က အာဏာရှင်တွေရဲ့  အသိုင်းအ၀ိုင်းကဘဲ အမည်တွေပြောင်းပြီး မလိမ့်တပတ်နဲ့  လိမ်ညာပြီး အခြားနိုင်ငံတွေထဲ ထိုးဖောက်ခိုးဝင် လုပ်ဆောင်နေတာလားဆိုတာ ဖေါ်ထုတ်ကြဖို့  လိုပါတယ်။

အာဏာရှင်သန်းရွှေလက်ထက်ကတည်းက အခြားနိုင်ငံတွေက ပြည်ဝင်ခွင့် ပိတ်ပင်ထားတာကို အမည်တွေ အမျိုးမျိုးပြောင်း နိုင်ငံကူးလက်မှတ်တွေ အမျိုးမျိုးဖန်တီးပြီး နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ အင်္ဂလန်နိုင်ငံ သြစတြေးလျနိုင်ငံ အစရှိတဲ့ နိုင်ငံတွေကို အာဏာရှင်တွေရဲ့  ဆွေမျိုးအရင်းအချာကြီးတွေ ခိုးဝင်နေတာ သိရှိရလို့ ဖြစ်ပါတယ်။

နိုင်ငံတကာက မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့ တာတွေ ထုတ်ပြန်ထားပေမယ့် ဒီလို ဖောက်ပြန်နေကြတဲ့သူတွေနဲ့  လှည့်ဖြားကောက်ကျစ်တဲ့နေရာမှာ ထိပ်ဆုံးက ရှိနေတဲ့ မြန်မာပြည်က အာာဏာရှင်တွေနဲ့  မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းဟာ တစ်ဘက်လှည့်နဲ့  လုပ်ဆောင်နေတာတွေကို နိုင်ငံတကာမှာ ရောက်ရှိနေထိုင်နေကြတဲ့ မျိုးချစ်မြန်မာပြည်သူများဟာ ကိုယ့်ရဲ့ နီးစပ်ရာဒေသမှာ မျက်စိဖွင့် နားစွင့်ပြီး အမှန်တရားနဲ့  တိုင်းပြည်လူမျိုးအတွက် ၀ိုင်းဝန်းဖေါ်ထုတ်ပေးကြဖို့  လိုပါတယ်။

No comments: