Wednesday, July 18, 2012

အာဇာနည်နေ့  အခမ်းအနား ဖိတ်ကြားခြင်း။


































မနက်ဖြန် အာဇာနည်နေ့  - ဇူလိုင် (၁၉) နံနက် (၇) နာရီစ၍ ကံတက်ကုန်း ကျောင်းသားကျောင်းသူများမှ ရပ်ကွက်တွင်းလှည့်ကာ လွမ်းသူ့ ပန်းခွေပန်းခြင်းများဖြင့် လှည့်လည်မြည်ဖြစ်ပါသည်။ ဦးကိုလေး (အင်းဝဂုဏ်ရည်) နှင့် ကဗျာဆရာများလည်း အာဇာနည်နေ့  အခမ်းအနားသို့  တက်ရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

အာဇာနည်ကြီးများ ကျဆုံးချိန် နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် ဥသြသံ လွှင့်၍ ကျဆုံးလေပြီးသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုမည် ဖြစ်ပါသည်။

အဆိုပါ အာဇာနည်နေ့  အခမ်းအနားသို့  ပြည်သူလူထုနှင့် အဖွဲ့အစည်းများမှ လွမ်းသူ့  ပန်းခွေပန်းခြင်းများနှင့် အာဇာနည်နေ့  သ၀ဏ်လွှာများဖြင့် တက်ရောက်ပေးကြပါရန် ဖိတ်ကြား ထားပါသည်။

ကျေးဇူးတင်စွာဖြင့် -

မြင့်မြတ်ဧရာဝတီလူမှုကွန်ယက်
(ကံတက်ကုန်းကုသိုလ်ဖြစ်အခမဲ့ဆေးခန်းနှင့် စာကြည့်တိုက်)။

No comments: