Monday, September 17, 2012

ဘယ်မှာလည်း အလုပ်သမားတစ်ဦးအတွက် အကာအကွယ် အစောင့်အရှောက် တရားဥပဒေ။
























ဘယ်မှာလည်း အလုပ်သမားတစ်ဦးအတွက် အကာအကွယ် အစောင့်အရှောက် တရားဥပဒေ။

တေဇပိုင် ထူးကုမ္ပဏီမှ ထုတ်ဝေသော ဧရာဝတီဂျာနယ်မှ အယ်ဒီတာချုပ် ကိုဦး (သချာင်္) အား ငွေကျပ် (၁၆) သိန်းပေးကာ အလုပ်မှ မတရား ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိပါသည်။ ထို့ အတူ ပြည်တွင်း ပြည်ပ မီဒီယာများအား အင်တာဗျူး မဖြေရန် လက်မှတ်ထိုး တားမြစ်ထားခြင်းခံရကြောင်း စုံစမ်းသိရပါသည်။

“မီဒီယာသမားများဖိနှိပ်မှု ရပ်” ဆိုတဲ့ ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့တဲ့အချိန်အခါတုန်းက ကိုဦးမှ လတ်မှတ်ထိုးခဲ့သောကြောင့်၎င်း၊ မီဒီယာသမားများမှ အင်တာဗျူးမေးခြင်းကို ဖြေကြားခဲ့သော ကြောင့်၎င်း တေဇပိုင် ထူးကုမ္ပဏီမှ ထုတ်ဝေသော ပြည်တွင်း “ဧရာဝတီဂျာနယ်” ၏ အယ်ဒီတာချုပ် ဖြစ်သူ ကိုဦး (သချာင်္) အား ငွေကျပ် (၁၆) သိန်းပေး၍ အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရှိရရှိပါသည်။

အလုပ်သမားတစ်ဦးအပေါ် ငွေကြေးအင်အားဖြင့် မောက်မာစွာ ဆက်ဆံလိုက်သော၊ မတရားအကြောင်းပြ အလုပ်ထုတ်လိုက်သော ယခုလို အလုပ်ရှင်များ၏ ဆောင်ရွက်ချက်အတွက် နစ်နာရသော အလုပ်သမားများအတွက် ခိုင်မာသော အလုပ်သမားရေးရာ ကာကွယ်စောင့်ရှောက်သည့် တရားဥပဒေများ ဘယ်သို့ ရောက်ရှိနေပါသလည်း။


No comments: