ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံ မဆောင်ခင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ မှ အာဏာရှင်များထံ တောင်းဆိုခဲ့သော တောင်းဆိုချက် (၄) ရပ်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံ မဆောင်ခင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ မှ အာဏာရှင်များထံ တောင်းဆိုခဲ့သော တောင်းဆိုချက် (၄) ရပ်။
(ရွှေဝါရောင်တော်လှန်ရေး ၂၀၀၇ ခုနှစ် မှတ်တမ်းများ ပြန်လည်ဖေါ်ထုတ်ခြင်း - ၂၀၁၂ ခုနှစ်)။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ နအဖ စစ်အုပ်စုထံ တောင်းဆိုချက် (၄) ရပ်။
၁။ နအဖစစ်အစိုးရမှ ပခုက္ကူသံဃာတော်များအား ကျေအေး ခွင့်လွှတ်သည်အထိ ၀န်ချ တောင်းပန်ရန်။
၂။ လက်ရှိမြင့်တက်နေသော ကုန်ဈေးနှုန်း လောင်စာဆီဈေးနှုန်းများ ချက်ချင်းလျော့ချပေးရန်။
၃။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးနှင့် ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံထားရသူများကိုချက်ချင်း ပြန်လွှတ်ပေးရန်။
၎။ လူထု၏ အထွေထွေ အကြပ်အတည်းများကို ဖြေရှင်းရန်အတွက် နအဖ စစ်အစိုးရမှ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ပေးရန်။
မြန်မာနိုင်ငံအတွင်းရှိ သံဃာ့အဖွဲ့အစည်းများ စုပေါင်း၍ အစိုးရအနေဖြင့် သံဃာများကို ၀န်ချတောင်းပန်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီး၊ အစိုးရမှ မလိုက်နာပါက စက်တင်ဘာလ (၁၈) ရက်နေ့ မှ စ၍ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံ ဆောင်သွားမည် ဖြစ်သည်။
စက်တင်ဘာလ (၉) ရက်၊ ၂၀၀၇ ခုနှစ်။
No comments:
Post a Comment