ရန်ကုန်တွင် ပထမဆုံးအကြိမ်အဖြစ် ဥပဒေရေးရာသင်တန်းကို တောင်သူလယ်သမားများအတွက် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့။
ရန်ကုန်တွင် ပထမဆုံးအကြိမ်အဖြစ် ဥပဒေရေးရာသင်တန်းကို တောင်သူလယ်သမားများအတွက်
အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့။
မစုစုနွေးဦးဆောင်သော တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေးကော်မတီနှင့်
မဏ္ဍိုင်ဥပဒေ အကယ်ဒမီတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်တင်ဘာ (၂၆)ရက်နေ့မှ (၃) ရက်ကြာ သင်ကြားပေးသော
လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေရေးရာသင်တန်းကို ရန်ကုန်မြို့ (၃၁) လမ်းရှိ မဏ္ဏိုင်အကယ်ဒမီသင်တန်းခန်းမတွင်
ဥပဒေပညာရှင် ဦးမောင်မောင်ဝင်းမှ ဦးဆောင်ကာ သင်တန်းကို သုံးရက်တိုင်တိုင် ပို့ချပေးခဲ့ပါတယ်။
မစုစုနွေးဦးဆောင်သော တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေးကော်မတီမှ
တောင်သူလယ်သမားသမဂ္ဂ ခေါင်းဆောင်များအား ဥပဒေရေးရာများ သိရှိနားလည်စေရန် ရည်ရွယ်၍ ပထမဆုံး
သင်ကြားပေးသည့် သင်တန်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။ အဆိုပါ ယင်းသင်တန်းသို့ မအူပင်၊
ညောင်တုန်း၊ ကျိုက်လတ်၊ မှော်ဘီ၊ ထန်းတပင်၊ ကော့မှူး၊ ကွမ်းခြံကုန်း စသော မြို့နယ်
(၇) မြို့နယ် (ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ) လယ်သမားသမဂ္ဂခေါင်းဆောင် (၆၀) ဦးခန့်
တက်ရောက် ခဲ့ကြသည်။ ကျန်ရှိနေသေးသော တိုင်းနှင့် ပြည်နယ်များသို့လည်း မကြာခင် ရက်ပိုင်းကာလများတွင်
ဤသင်တန်းကဲ့သို့သော ဥပဒေရေးရာများကို ပို့ချပေးမည်ဟုလည်း သင်တန်းကို ဦးဆောင်ဖွင့်လှစ်ပေးခဲ့သော
မစုစုနွေးက ပြောကြားခဲ့ပါတယ်။
အဆိုပါသင်တန်းမှ အောင်မြင်သူများကို သင်တန်းဆင်းပွဲအဖြစ်
အောင်လက်မှတ်များကို သင်တန်းဆရာနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမာကီးတို့ ဇနီးမောင်နှံတို့က
ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ ယင်းအခမ်းအနားကို
ရန်ကုန်မြို့ ဘားလမ်းရှိ MR. BROWN ကော်ဖီဆိုင်ပထမထပ်တွင် စက်တင်ဘာ (၂၈) ရက်နေ့ နေ့လည်
(၃) နာရီမှ (၄) နာရီထိ ပြုလုပ်ခဲ့ပြီး သင်တန်းသားများနှင့် မီဒီယာသမားများ စုစုပေါင်း
(၁၀၀) ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြပါတယ်။
(သတင်း/ဓါတ်ပုံ - လင်းဆက်)။
No comments:
Post a Comment