၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ မပြောင်းဘဲ ပြောင်းဖို့  မဆောင်ရွက်ဘဲ ပြောနေတာမှန်သမျှ လုပ်နေတာမှန်သမျှ ပုံသဏ္ဍန် လုံးဝ မကျပါ။
၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ မပြောင်းဘဲ ပြောင်းဖို့  မဆောင်ရွက်ဘဲ
ပြောနေတာမှန်သမျှ လုပ်နေတာမှန်သမျှ ပုံသဏ္ဍန် လုံးဝ မကျပါ။
စစ်မှန်သော ဒီမိုကရေစီ
စနစ်နှင့် မညီညွတ်သော၊ ပြည်သူ့ အချုပ်အခြာအာဏာကို စစ်အာဏာရှင်စနစ်ဖြင့် အချိန်မရွေး
ပြန်လည် သိမ်းပိုက်နိုင်သော၊ ရာထူးအာဏာအား အကြောင်းအမျိုးမျိုးပြကာ ဆက်၍ ဖက်တွယ်ပြီး
အုပ်ချူပ်မှုနေရာမှ မဖယ်ပေးဘဲ ဆက်လက်ထိန်းသိမ်းထားနိုင်သော၊ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ အချက်အလက်များအား မပြောင်းလဲဘဲ
ပြောင်းလဲအောင် မဆောင်ရွက်ဘဲ ပြောဆိုဆောင်ရွက်နေကြသော လုပ်ဆောင်မှုများအား အလျဉ်း
လက်ခံမည် မဟုတ်ပါ။
ယခုဆိုလျှင် နောင်တစ်ကြိမ်
ရွေးကောက်ပွဲအချိန်မျှပင် မရောက်သေး နေရာဆက်ယူထားလိုကြသော
စကားများအား ထုတ်ဖေါ်ပြောကြားနေခြင်းသည် ၂၀၁၀ ခုနှစ် ကြိုတင်မဲများ ရယူသကဲ့သို့  ဖြစ်နေပေသည်။
ထို့ အတူ နိုင်ငံတကာနှင့် ပြည်တွင်းမှ စစ်မှန်သော ပြောင်းလဲမှုကို လိုလား၍ သဘောထားကြီး
လိုက်လျောပေးနေမှုအပေါ် အခွင့်ကောင်းယူကာ အမြတ်ထုတ် သွေးတိုးစမ်း ကိုယ့်ဘက်ဆွဲဆောင်သော
လုပ်ရပ်လည်း ဖြစ်ပေသည်။
ထို့ အပြင် တိုင်းပြည်နှင့်
ပြည်သူ့ အကျိုးအတွက် အာမခံပေးနိုင်သော စစ်မှန်သည့် တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်နှင့်
လူမျိုးအကျိုး အပြည့်အ၀ ဆောင်ရွက်ပေးနိုင်သော အုပ်ချူပ်မှုစနစ် ပေါ်ပေါက်ခိုင်မာရေး၊
နိုင်ငံနှင့်တစ်ကွ အမျိုးသားတစ်ရပ်လုံး အာဏာရှင်စနစ်မှ လွတ်မြောက်နိုင်ရေးအတွက် အဓိက
ပြောင်းလဲရန် လိုအပ်သည့် ကောင်းမွန်မှန်ကန်သော နိုင်ငံရေးစနစ်သည် ကျန်သော လူမှုရေး
ကျန်းမာရေး ဖွံ့ ဖြိုးတိုးတက်ရေးတို့ အတွက်
အခရာကျသော ဦးစားပေးဆောင်ရွက်သင့်သော အချက်ဖြစ်ပါလျက်နှင့် ရေတို ဆေးမြီတိုများဖြင့်
အုပ်ချူပ်သူများမှ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများအား ကြားမှ ခါးဝင်ထမ်းပြီး ပခုံးထမ်းပေးမှုသည်
လတ်တလောအခက်အခဲများအား ပြေလည်စေကောင်း ပြေလည်စေသော်လည်း ရော၈ါဝေဒနာခံစားမှုတစ်ခု၏ အရင်းအမြစ်ကို
ဆေးကုသပေးမှု မဟုတ်သည်ကို သိရှိကြရန် လိုအပ်ပေသည်။
အာဏာရှင်ဆန်သူများ၏
ပျားသကာကဲ့သို့  ချိုသော၊ ပြည်သူ့ အကျိုးကို လိုလားလှပါသည်ဟု တသွင်သွင် ပြောနေသော အပေါ်ယံ
နှုတ်စကားများဖြစ်သော၊ လှေနံနှစ်ဖက်သာမက လှေနံအားလုံးအား နင်း၍ ခေတ်သစ် လူလည်ကျနည်းများ
ကျင့်သုံးကာ တရားဝင်အာဏာရှင်စနစ်ကျင့်သုံးနိုင်ရန် ဇာတ်ကွက်ဆင်နေကြသည့်သူများကို မိအေး
တစ်ခါ နာရုံမက ခဏခဏ နာရအောင် ဖြစ်နေခြင်းသည် သူက တော်ခြင်းကြောင့်လား ကိုယ်က ညံ့ခြင်းကြောင့်လားဟု
ပြောရတော့မည် ဖြစ်နေပေသည်။ မက်လုံးပေးမှု အခွင့်အရေးပေးမှု အပြောချိုချိုဖြင့် ဆွဲဆောင်မှုတို
့သည် လူလိမ်လူညာများ၏ အကောင်းဆုံး မရိုးနိုင်သော ကျင့်သုံးမှုများ ဖြစ်ပေသည်။
မြန်မာ့သမိုင်းတွင်
“တွဲရေး ခွဲရေး’ ဆောင်ရွက်မှုတွင် တွဲ၍ ဆောင်ရွက်မှုသည်လည်း နည်းလမ်းတစ်ခု ဖြစ်သည်၊
ခွဲ၍ ဆောင်ရွက်မှုသည်လည်း နည်းလမ်းတစ်ခု ဖြစ်သည်။ တွဲ၍ ဆောင်ရွက်ဆောင်ရွက် ခွဲ၍ဆောင်ရွက်ဆောင်ရွက်
ဤသည်မှာ မှားသည် မှန်သည် ပြောဆိုဆုံးဖြတ်စရာ မဟုတ်ပေ။ သို့ သော် တွဲရင်း မှားယွင်းသော
ဆောင်ရွက်မှုများ၊ ခွဲရင်း မှားယွင်းသော ဆောင်ရွက်မှုများသည် အင်မတန် အရေးကြီးလှပေသည်။
ယနေ့  လက်ရှိ အခြေအနေများအား
သုံးသပ်ရမည်ဆိုလျှင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ
တိုင်းပြည်နှင့် လူမျိုးအတွက် အန္တရာယ်ကြီးမားစွာ အချိန်မရွေး ဖြစ်စေနိုင်နေသေးသော အဓိကအချက်များအား
လက်ရှိအုပ်ချူပ်နေသူများမှလည်း အာရုံပြောင်းထားသလို၊ အခြားသော ပြည်သူ့ အကျိုး ဆောင်ရွက်ရန်
လိုလားကြသော အင်အားစုများ ပုဂ္ဂိုလ်များမှလည်း လမ်းကြောင်းလွဲသလို ဖြစ်နေပါသည်။ ဤနေရာတွင်
ပြောရမည်ဆိုလျှင် - ပြည်သူ့ အကျိုး ဆောင်ရွက်ရန် လိုလားကြသော အင်အားစုများ ပုဂ္ဂိုလ်များမှလည်း
လမ်းကြောင်းလွဲသလို ဖြစ်နေမှုအား လက်ရှိအုပ်ချူပ်နေသူများမှ ခေတ်သစ် နည်းကျင့်ကြံမှုများဖြင့်
နင်းတက်နေမှုအား အကောင်းမြင်နေမှုသည် ဖြစ်စဉ်ဖြစ်ပျက်မှု အစဉ်အဆက်အား မြင်လျက်နှင့်
မှားနေသော “အမြင်မှား” ဟု သုံးသပ်ရမည် ဖြစ်နေပေသည်။
ကျွန်ုပ်တို့ ၏ အဓိက
လုပ်ဆောင်ကြရမည့် အရေးကြီးဆုံးအချက်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အချိန်မရွေး အန္တရာယ်
ရှိနေသော ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ
အချက်များ ဖြစ်ပေသည်။ ဤအဓိက အရေးကြီးသော ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှအပ အခြားသော ဆောင်ရွက်မှုများသည်
ဆေးမြီတို ကုသမှုများဖြင့် ယာယီရောဂါဝေဒနာသက်သာစေသော ဆောင်ရွက်မှုများသာ ဖြစ်ပေသည်။
အာဏာရှင်စနစ် ချူပ်ငြိမ်းဖို
့ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ စနစ် ပြောင်းလဲနိုင်ဖို့ သာ အဓိက အရေးတကြီး ဦးစားပေး
ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နစ်နေမန်း။
No comments:
Post a Comment