ခရမ်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ခရမ်းမြို့အရှေ့ခြမ်းအမတ် ဦးမြင့်ဦးမှ လယ်သမားများအား ခွဲခြားဆက်ဆံခြင်းခံကြရသော လယ်သမားများ။
ခရမ်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ခရမ်းမြို့အရှေ့ခြမ်းအမတ် ဦးမြင့်ဦးမှ လယ်သမားများအား ခွဲခြားဆက်ဆံခြင်းခံကြရသော လယ်သမားများ။
ကြံ့ခိုင်ရေးပါတီမှ လယ်သမားများအား တစ်ဧကလျှင် ကျပ် ( ၁၅၀၀၀ ) ကို အတိုးနှုန်း (၂) ကျပ် ဖြင့် ထုတ်ချေးခဲ့ပါသည်။ လယ်သမားများအနေဖြင့် ပြီးခဲ့သောနှစ်တွင် စပါးဈေး၊ ပဲဈေးများ မကောင်းခြင်း၊ သီးနှံအထွက်မကောင်းခြင်း၊ ယခုနှစ်တွင် ရေကြီးသောကြောင့် လယ်ယာမြေများ ပျက်စီးခြင်း စသော ဒုက္ခပေါင်းစုံ ကြုံတွေ့ရသောကြောင့် ချေးငွေအား ပြန်မဆပ်နိုင်ခဲ့ကြပါ။
ထို့ကြောင့် ယနေ့တွင် ကျေးရွာ (၂၆) ရွာမှ လယ်သမားများအား ဆင့်ခေါ်ပြီး ချေးငွေများ ပေးဆပ်ရန် ကြံ့ ခိုင်ရေးပါတီမှ ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ခရမ်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ခရမ်းမြို့အရှေ့ခြမ်းအမတ် ဦးမြင့်ဦးမှ လယ်သမားများအား နှစ်မျိုးနှစ်စား ခွဲထားကြောင်း၊ (၁) NLD ပါတီဝင် လယ်သမားနှင့် (၂) NLD ပါတီဝင်မဟုတ်သော လယ်သမားဟူ၍ ရှိကြောင်း။ NLD ပါတီဝင် လယ်သမားများအနေဖြင့် (၁၆.၉.၂၀၁၂) ရက်နေ့  နောက်ဆုံးထားပြီး ချေးငွေ ဆပ်ရမည်ဖြစ်ကြောင်း၊ မဆပ်နိုင်ပါက တရားစွဲမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။ NLD ပါတီဝင်မဟုတ်သော လယ်သမားများအနေဖြင့် မိမိတို့နှင့် လာရောက် ညှိနှိုင်းနိုင်ပါကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်။
ခရမ်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ခရမ်းမြို့အရှေ့ခြမ်းအမတ် ဦးမြင့်ဦးမှ ချေးငွေ မဆပ်နိုင်ခြင်းကို အခွင့်ကောင်းယူကာNLD ပါတီဝင် လယ်သမားများအား နှိမ့်ချခွဲခြား ဆက်ဆံလိုက်ခြင်း ဖြစ်ပါသည်။
ယခုလက်ရှိတွင် ကြံ့ခိုင်ရေးပါတီသည် အစိုးရဖြစ်နေသောကြောင့် ပါတီစွဲ မထားသင့်ပါ ။ အားလုံးသော လယ်သမားများအား ပြည်သူများအနေဖြင့် ရှုမြင်သင့်ပါသည်။ ထိုသို့ ခွဲခြားဆက်ဆံခြင်းသည် အစိုးရတရပ် လုပ်သင့်သောကိစ္စရပ် မဟုတ်ပါ။ လုပ်လဲမလုပ်သင့်ကြောင်းကို သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ ၀န်ကြီးများ သိစေရန် တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျား။
ဒုက္ခတောမှ လယ်သမားများ။
No comments:
Post a Comment