Wednesday, October 10, 2012

တိုင်းပြည်လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ကျေးဇူးရှင်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း (ဦး) ကျော်ဇော (အသက် ၉၃ နှစ်)။

တိုင်းပြည်လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ကျေးဇူးရှင်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း (ဦး) ကျော်ဇော (အသက် ၉၃ နှစ်)။ 


ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း (ဦး) ကျော်ဇော (အသက် ၉၃ နှစ်) -  ယနေ့  မနက်တွင်  တရုတ်ပြည် ကူမင်းဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် တိုင်းပြည်လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူ ကျေးဇူးရှင်တစ်ဦး ဆုံးရှုံးသွားခြင်း ဖြစ်သည်ဟု ခံယူသတ်မှတ်ကာ၊ ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားလိုပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း (ဦး) ကျော်ဇော (အသက် ၉၃ နှစ်) မကွယ်လွန်မီ မကြာသေးသောအချိန်ကာလ၌ အမိမြန်မာပြည်သို့  ပြန်လည်သွားရောက်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြှော်ကန်တော့လိုသော ဆန္ဒရှိခြင်းကြောင့်၊ မိသားစုဝင်များမှ မြန်မာပြည် ပြန်ခွင့်အတွက် ပြောကြားခဲ့သော်လည်း၊ လက်ရှိတိုင်းပြည်အုပ်ချူပ်သူများမှ မေတ္တာရပ်ခံတောင်းဆိုမှုအပေါ် အကန့် အသတ်များထားရှိမှုကြောင့် နောက်ဆုံးဆန္ဒမပြည့်ဝခြင်းဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားရပါသည်။ ဤကဲ့သို့ သော လက်ရှိအုပ်ချူပ်သူများ၏ လုပ်ရပ်သည် လူသားချင်းမစာနာသော လုပ်ရပ်ဖြစ်ပေသည်။

တိုင်းပြည်လွတ်လပ်ရေး ရရှိအောင် သက်စွန့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ရဲဘော်သုံးကျိပ်သည် မြန်မာပြည်သူပြည်သားများအားလုံး၏ ကျေးဇူးရှင်များ ဖြစ်ပေသည်။ အဆိုပါ လွတ်လပ်ရေးရရှိရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ရဲဘော်သုံးကျိပ်ဝင်များအား တိုင်းပြည်မှ ထိုက်တန်သော ဂုဏ်ပြုမှုဖြင့် ချီးမြှောက်ရမည်ဖြစ်သည့်အပြင် ၄င်းတို့  ကွယ်လွန်မှုအား ကြေကွဲဝမ်းနည်းစွာဖြင့် နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ခမ်းခမ်းနားနား ကျင်းပဆောင်ရွက်ပေးသင့်သည်မှာ အထူးဖြစ်ထိုက်ပြုထိုက်သော ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သော လုပ်ရပ်ဖြစ်ပေသည်။

သို့ ပါသော်လည်း လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု ကျေးဇူးတရားများကို လစ်လျူရှုနေကြသော ကျေးဇူးကန်းကြသူများ၏ လက်အောက် တိုင်းပြည်အုပ်ချူပ်မှု ရောက်ရှိနေခြင်းကြောင့် တိုင်းပြည်၏ လွတ်လပ်ရေးကြိုးပမ်းပေးသူ အမျိုးသားခေါင်းဆောင်ကြီးများ၏ ဘ၀သမိုင်းများ မှေးမှိန်နေရခြင်း ဖြစ်ပေသည်။

တိုင်းပြည်လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ကျေးဇူးရှင်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း (ဦး) ကျော်ဇော (အသက် ၉၃ နှစ်) အား ဦးညွှတ်အလေးပြု မှတ်တမ်းတင်ခြင်းနှင့်အတူ၊ ကောင်းမွန်ရာဘုံဘ၀သို့  ရောက်ရှိပါစေဟု လေးနက်စွာ ဆုတောင်းလိုက်ရပါသည်။

နစ်နေမန်း။

No comments: