Saturday, October 6, 2012

မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂဖွဲ့စည်းခြင်း။



မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂဖွဲ့စည်းခြင်း။

မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂဖွဲ့စည်းခြင်း အခမ်းးအနားကို အောက်တိုဘာ (၃)ရက် (၂၀၁၂) ခုနှစ်တွင် မော်လမြိုင်မြို့ တောင်ပေါက်ကျောင်းတိုက်၌ ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ မော်လမြိုင်နည်းပညာတက္ကသိုလ်၊ မော်လမြိုင်ဝိဇ္ဖာသိပ္ပံတက္ကသိုလ်နှင့် မော်လမြိုင်အဝေးသင်တက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူတို့နှင့် စတင်ဖွဲ့စည်းခဲ့ပါသည်။


မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂသည် ဗကသများအဖွဲ့ချုပ်၏ အခြေခံမူများဖြစ်သည့်
  1. အမျိုးသားရေး
  2. ဒီမိုကရေစီရေး
  3. ဒီမိုကရေစီပညာရေး
  4. ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
  5. ငြိမ်းချမ်းရေး
တို့ကို ဆက်လက်ကိုင်ဆွဲ၍ တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် အခြားခရိုင်များနှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(သတင်း - လွင်ပြင်)။

No comments: