Thursday, October 4, 2012

ပဲခူးမြို့ မှ ဘာသာပေါင်းစုံဆုတောင်းပွဲ။



ပဲခူးမြို့ မှ ဘာသာပေါင်းစုံဆုတောင်းပွဲ။

ပဲခူးမြို့ တွင် ဘာသာပေါင်းစုံဆုတောင်းပွဲကို ချမ်းမြေ့သာယာဓမ္မရိပ်သာကျောင်းတွင်(၂၉.၉.၁၂) ရက်နေ့ က ကျင်းပခဲ့ပါတယ်။



ထိုအခမ်းအနားကို ရန်ကုန်မြို့မှ ရွှေဝါရောင်ဆရာတော်ကြီးများ၊ ဘာသာကြီးလေးခုမှ ခေါင်းဆောင်များ တက်ရောက်ခဲံ့ပါတယ်။ အခမ်းအနားကို နေ့လည် (၁၂) နာရီမှာ စတင်ပြီး ချမ်းမြေ့သာယာဓမ္မရီပ်သာဆရာတော် ဦးတေဇောသာရမှ အခမ်းအနာမှုးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပထမဦးစွာ ရန်ကုန်မြို့မှ ရောက်ရှိလာသော ရွှေဝါရောင်ဆရာတော်ဦးပဏ္ဏ၀ံသမှ အမှာစကားပြောကြားရာ ဆရာတော်က - လက်ရှိဖြစ်ပေါ်နေသော ပြသနာမျိုးတွေ ဆက်လက်မဖြစ်အောင် ၀ိုင်းထိမ်းကြရန်၊ ဘာသာစုံအချင်းချင်းကူညီရန်၊ ငြိမ်းချမ်းစွာနေထိုင်ရန်၊ လိုအပ်ပါက ဆရာတော်ကြီးတွေထံ အကူအညီတောင်းရန် ပြောကြားသွားခဲ့ပါတယ်။

ခရစ်ယန်ဘာသာမှ ရှေ့နေဦးတင်ဝင်း၊ ဟိန္ဒူဘာသာမှ တဦး၊ ဗုဒ္ဓဘာသာမှ ဦးအောင်မြင့်က ပြောကြားပြီး၊ အစ္စလာမ်ဘာသာမှ ဦးသောင်းစိန်တို့က အသီးသီး အမှာစကား ပြောကြားသွားခဲ့ပါတယ်။

အခမ်းအနားအပြီး ရွှေဝါရောင်ဆရာတော်များသည် ပဲခူးမြို့ မြို့ရှောင်လမ်းတွင် မတရားသဖြင့် အဖျက်ခံထားရသော ဘုန်းကြီးကျောင်းများနေရာသို့ သွားကြည့်ခဲ့ကြပါတယ်။ ၄င်းနောက် ဆရာတော်များသည် ရန်ကုန်မြို့သို့ နေ့ လည် (၂း၃၀) နာရီအချိန်တွင် ပြန်ထွက်ခွာသွားခဲ့ပါတယ်။

(သတင်း - ကိုဗိုက်ပူ)။

No comments: