အထက်ကဆို ကျုံ့ ကျုံ့ ရုံ့ ရုံ့ လေး ထိုင် ဖင်ဗူးတောင်း ထောင်အောင် လက်အုပ်ချီ ကန်တော့ကြတယ်။
အထက်ကဆို ကျုံ့ ကျုံ့ ရုံ့ ရုံ့ လေး ထိုင် ဖင်ဗူးတောင်း ထောင်အောင် လက်အုပ်ချီ ကန်တော့ကြတယ်။
အာဏာရှင်ကြီး သန်းရွှေ ခေတ်တုန်းကလည်း တရုတ်ပြည်ကို သန်းရွှေ သွားတော့ တရုတ်နိုင်ငံ ဘီဂျင်းမြို့ က နအဖလက်ပါးစေ သံအမတ်နေအိမ်မှာ သံအမတ်နဲ့  မိသားစုတွေ သံရုံးဝန်ထမ်းမိသားစုတွေက သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  ရွှေမန်းတို့ ကို ကျုံ့ ကျုံ့ လေး ထိုင်ကန်တော့ခဲ့ကြတာ တွေ့ ရှိခဲ့ရပါတယ်။
ကျုံ့ ကျုံ့ ရုံ့ ရုံ့ လေးတွေ အောက်မှာထိုင်ပြီး လမ်းညွန်မှုများကို နာယူနေရတာ။ သိန်းစိန်တစ်ယောက် ၀န်ကြီးချူပ်ဘ၀နဲ့  တရုတ်ပြည်ရောက်တော့ ပေကျင်းမြို့ က မြန်မာသံရုံးဝန်ထမ်းတွေ ရှေ့ ကသူတွေ နည်းလမ်းအတိုင်းဘဲ အောက်ဘက်မှာ ထိုင် လက်အုပ်ကလေးတွေ ချီပြီး သြ၀ါဒကို ငြိမ်ဝပ်ပိပြားစွာနဲ့  ခံယူခဲ့ကြလေရဲ့ ။
ထို့ အတူ သေသွားတဲ့ ၀န်ကြီးချူပ် စိုးဝင်း စင်ကာပူမှာ ရောက်တုန်းကလည်း ဒီလိုဘဲ သံရုံးဝန်ထမ်းတွေကို အောက်ဖက်မှာ နားရွက်မလှုပ် မျက်တောင်တောင် မခတ်ခိုင်းဘဲ ထိုင်ခိုင်းပြီး၊ အာဏာရှင် အာဏာရူးတို့ ပီပီ ကုလားထိုင်မရှိရင် မထိုင်တတ်တော့တာမို့  ကုလားထိုင်ထက်နေ မိန့် မိန့် ကြီးထိုင်ကာ သြ၀ါဒ အချွေကောင်းခဲ့လို့  မတော်မတန်တာတွေ ပြုလုပ်မိခဲ့လို့ အ၀ီစိလမ်းကို ခပ်မြန်မြန်ကြီး မြန်းသွားခဲ့တာ။
အထက်လူကြီးဆိုရင် မဲမဲမြင်ရင် ဖားယားတတ်တဲ့ ဖားစိတ်ဓါတ်တွေက သာမန် လေးလေးစားစားဆက်ဆံတာထက်ပိုပြီး ကျုံ့ ကျုံ့ ရုံ့ ရုံ့ လေး ထိုင် ဖင်ဗူးတောင်း ထောင်အောင် လက်အုပ်ချီ ကန်တော့ကြတာကတော့ အထူးအံ့သြမိပါရဲ့ ။
ခေါင်းပေါ်တင်ပြီး ကိုးကွယ်ထားရင်တောင် ကောင်းမယ်လို့  စဉ်းစားနေကြမယ့်သူတွေပါ။ ညအိပ်တိုင်းတောင် သန်းရွှေ ပူဇေမိ၊ သိန်းစိန် ပူဇေမိတွေ နှုတ်ပါးစပ်က အဟုတ်မှတ်ပြီး ရွတ်ဖတ်နေကြမယ့်သူတွေဘဲ။ ယခုလည်း ၀န်ကြီးချူပ်ဘ၀ကနေ သမ္မတဘ၀ရောက်သွားတဲ့ သိန်းစိန်ကို ကမ္ဘောဒီယားရောက်စဉ်မှာ တွေ့ ရတော့ အပြိုင်အဆိုင် ဖင်ဗူးတောင်းထောင် ကန်တော့နေကြသူတွေကို တွေ့ ရပြန်ပါပြီ။
ဒီလို အထက်စီးကနေ မိန့် မိန့် ကြီး လက်အုပ်ချီ ထိုင်ကန်တော့တာကို အားရ၀မ်းသာ ပီတိဖြစ် ကျေနပ်နေကြသူတွေလည်း တိုင်းပြည်နဲ့  လူမျိုးအတွက် စစ်မှန်စွာ ပြောင်းလဲလို မလိုဆိုတာ သေချာဖြစ်ဖို့  ဒီလို ခေတ်နောက်ပြန်ဆွဲနေတဲ့ အကျင့်တွေ ပြောင်းသင့်နေပါပြီ။
အာဏာရူးကြီး နေ၀င်းတောင် ဒီလောက်ထိ မရူးခဲ့ပေမယ့် ပိုဆိုးတဲ့ ရှင်ဘုရင်ရူး သန်းရွှေကနေ စလိုက်တဲ့ ကြမ်းပြင်ပေါ်ထိုင် ကျုံ့ ကျုံ့ လေး လက်အုပ်လေးချီ ဖင်ဗူးတောင်းထောင် ထိုင်ကန်တော့ရတဲ့ ထိုင်ကန်တော့တဲ့ ကန်တော့ခံတဲ့သူများ ပြောင်းလဲသင့်ပါပြီ။

No comments:
Post a Comment