အိုးဝေစာကြည့်တိုက်နှင့် ပညာဒါနသင်တန်းကျောင်း၏ လှုပ်ရှားမှုမှတ်တမ်းအား အမေရိကန်ရုပ်သံသတင်းဌာန (CBS) တွင် ပြသမည်ဟု သိရှိရ။
အိုးဝေစာကြည့်တိုက်နှင့် ပညာဒါနသင်တန်းကျောင်း၏ လှုပ်ရှားမှုမှတ်တမ်းအား အမေရိကန်ရုပ်သံသတင်းဌာန (CBS) တွင် ပြသမည်ဟု သိရှိရ။
ဗကသများအဖွဲ့ ချုပ်၊ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အိုးဝေစာကြည့်တိုက်နှင့် ပညာဒါနသင်တန်းကျောင်းသို့  အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်အတွက် ဗမာနိုင်ငံသို့  လိုက်ပါလာသည့် အမေရိကန်အစိုးရသတင်းဌာနမှ သတင်းထောက် ရှာဗာဟောလီးဒေး (Shava Holiday) သည် (၁၉.၁၁.၂၀၁၂) ရက်နေ့ တွင် ရောက်ရှိလာပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏ ခရိုင်ကျောင်းသားသမဂ္ဂများ၏ လှုပ်ရှားမှုလုပ်ငန်းများအား အမေရိကန်အစိုးရသတင်းဌာနမှ (နိုင်ငံတွင်း) ထုတ်လွှင့်မည်ဖြစ်ပါ၍ သတင်းမှတ်တမ်း ရိုက်ကူးနိုင်ရန် ဆက်သွယ်ခွင့်တောင်းလာပါသည်။
ထို့ ကြောင့် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ အမှုဆောင်များ၏ စည်းဝေးဆုံးဖြတ်ချက်အရ ခွင့်ပြုပေးခဲ့သဖြင့် ယင်းနေ့  နံနက် (၉) နာရီ ညနေလေးနာရီအထိ အိုးဝေစာကြည့်တိုက်နှင့် ပညာဒါနသင်တန်းကျောင်း၏ တနေ့ တာ လှုပ်ရှားမှုများ၊ ၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများအား အခမဲ့စာသင်ကြားနေမှုများကို သတင်းမှတ်တမ်း ရိုက်ကူးသွားသည့်အပြင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ဗကသ ကျောင်းသားအမှုဆောင်များ၊ အိုးဝေ ပညာဒါနသင်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများအား မေးမြန်းရိုက်ကူးမှုများ ပြုလုပ်ခဲ့ပါသည်။
ဤမေးမြန်းရိုက်ကူးထားသော သတင်းမှတ်တမ်းအား အမေရိကန်အစိုးရရုပ်သံဌာန (CBS) ရုပ်သံလိုင်းမှ ၄င်းတို့ နိုင်ငံတွင် ယခုတပတ်အတွင်း ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
(သတင်း/ဓါတ်ပုံ ပေးပို့ လာသော လွင်ပြင်အား ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment