လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် မြန်မာ့တောတောင်မြေတွေကို နောက်ဆုံးပေါ် ဓါတုနည်းပညာတွေနဲ့  သုံးနေတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် မြန်မာ့တောတောင်မြေတွေကို နောက်ဆုံးပေါ် ဓါတုနည်းပညာတွေနဲ့  သုံးနေတယ်။
တရုတ်နိုင်ငံက ဖောက်ခွဲမှုကုမ္ပဏီတစ်ခုဖြစ်တဲ့ (Beijing Auxin Chemical Technology Ltd) က နောက်ဆုံးပေါ် ဓါတုနည်းပညာတွေနဲ့  သုံးပြီး မြန်မာနိုင်ငံ မုံရွာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် မြန်မာ့တောတောင်မြေတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။
ဒီလို ဓါတုနည်းပညာနဲ့  ဖောက်ခွဲမှုတွေလုပ်ခဲ့တဲ့အတွက် ကြီးမားသော ဓါတုပစ္စည်းဘေးအန္တရာယ်တွေ ကျရောက်နိုင်ပြီး၊ လက်ရှိအခြေအနေမှာလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသက တောတောင်ရေမြေတွေမှာ အဆိပ်သင့်စေတဲ့ ဓါတုပစ္စည်းတွေ စိမ့်ဝင်ဖြစ်ပေါ်နေတယ်လို့  သိရှိရပါတယ်။
ထို့ အတူ ဖောက်ခွဲတူးဖော်ရရှိတဲ့ ကြေးနီတွေကို သန့် စင်ဖို့ အတွက်လည်း Mining Chemicals ဓါတုပစ္စည်းတွေဖြစ်တဲ့ (Copper Extractant, Diluemt, Cobalt Sulphate, Guar Gum) အစရှိတဲ့ ဓါတုပစ္စည်းသုံးပြီး အဆိုပါ ဓါတုပစ္စည်းစွန်ပစ်မှုတွေကလည်း အနီးအနားမှာ ရှိတဲ့ နေရာဒေသက သက်ရှိသက်မဲ့ လူ တိရစ္ဆာန်နဲ့  စားပင်သစ်ပင်တို့ ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ယခုလို တရုတ်အကျိုးပြု စီမံကိန်းတွေကို မိမိတို့  ချမ်းသာကြွယ်ဝဖို့ အတွက်သာ ကြည့်တဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သိန်းစိန်တို့  စစ်ဗိုလ်ချူပ်တွေကတော့ ပြည်သူပြည်သားတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို အလေးမထားဘဲ ဆက်လက်လုပ်ဆောင်နေဦးမယ်ဆိုရင်တော့ ဒါဟာ ပြည်သူ့ အစိုးရ မဟုတ်ဘူး၊ ပြည်သူ့ ရန်သူအနေနဲ့  ပြည်သူကို သိသိသာသာ စိန်ခေါ်ပြတာဘဲ ဖြစ်ပါတော့တယ်။
No comments:
Post a Comment