လက်ပံတောင်းတောင် အကြမ်းဘက်မှုကြောင့် သိန်းစိန်တို့  အစိုးရတစ်ဖွဲ့ လုံးနဲ့  လွှတ်တော်နှစ်ရပ်လုံးကို အယုံအကြည် မရှိ။
လက်ပံတောင်းတောင်ဆန္ဒပြ သံဃာတော်တွေနဲ့  ကျောင်းသားပြည်သူတွေကို မနက် မှောင်မည်းထဲမှာ မီးလောင်တိုက်သွင်း ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ သိန်းစိန် လူသတ်သမားအဖွဲ့  အလိုမရှိပါ။
၁၉၆၂ ခုနှစ်၊ အာဏာရှင်နေ၀င်းလက်ထက် ကျောင်းသားသမဂ္ဂအဆောက်အဦး မိုင်းနဲ့ ဖြိုချ ကျောင်းသားတွေကို သတ်ခဲ့တဲ့ကိစ္စနဲ့  ပတ်သက်ပြီး နေ၀င်းက အောင်ကြီးကို လွှဲချတယ်၊ အောင်ကြီးက နေ၀င်းကို လွှဲချတယ်၊ နောက်ပြီး အောက်ဘက်က စစ်ဗိုလ်ချူပ်တွေ ၀န်ကြီးတွေကို လွှဲချတယ်။
အခု ဒီမနက်ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်ကိစ္စမှာ မျက်ရည်ယိုဗုံးတင်မကဖူး မီးလောင်ဗုံးသေနတ်တွေနဲ့ ပါ မိုးမလင်းခင် မှောင်မှောင်မည်းမည်းထဲမှာ လူမဆန်စွာ အကြမ်းဘက်ဖြိုခွင်းခဲ့တာကို သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့  အစိုးရ ၀န်ကြီးအားလုံးမှာ တာဝန်ရှိတယ်၊ လွှတ်တော်နှစ်ရပ်လုံးက အမတ်တွေမှာလည်း ဒီ အကြမ်းဘက်မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့  တာဝန်ရှိတယ်။
လက်ပန်းတောင်ဆန္ဒပြ သံဃာတော်တွေနဲ့  ကျောင်းသားပြည်သူတွေကို အကြမ်းဘက်မှုမှာ သိန်းစိန်က သူများကို လွှဲချရင် သမတနေရာက နှုတ်ထွက်ပါ၊ ရွှေမန်းက သူများကို လွှဲချရင် လွှတ်တော်ဥက္ကဋ္ဌနေရာက နှုတ်ထွက်ပါ၊ မင်းအောင်လှိုင်က သူများကို လွှဲချရင် ကာကွယ်ရေးဦးစီးချူပ်နေရာက နှုတ်ထွက်ပါ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယဗိုလ်ချူပ်ကြီးကိုကို အနေနဲ့  ဒီမနက် လက်ပံတောင်းတောင် အကြမ်းဘက်မှုကို အမိန့်  ပေးစေခိုင်းခဲ့သူမို့  ရာထူးနေရာကနေ ချက်ချင်းနှုတ်ထွက်ဖို့  တောင်းဆိုပါတယ်။
ယနေ့ မနက် လက်ပံတောင်းတောင် အကြမ်းဘက်မှုကိစ္စကို ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု ကျေနပ်မှုရှိအောင် မှန်ကန်စွာ မဖြေရှင်းဖူးဆိုရင် သိန်းစိန်တို့  အစိုးရတစ်ဖွဲ့ လုံးနဲ့  လွှတ်တော်နှစ်ရပ်လုံးကို လုံးဝ (လုံးဝ) အယုံအကြည် မရှိကြောင်း ပြောလိုပါတယ်။
.jpg)
.jpg)
No comments:
Post a Comment