NLD ပညာဒါနကျောင်း ဆရာများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ်( ၁ ) သင်တန်းဆင်းပွဲ။
NLD ပညာဒါနကျောင်း ဆရာများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ်( ၁ )
သင်တန်းဆင်းပွဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်၊ပညာဒါနကျောင်း၊ ဆရာ/ဆရာမများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို (၅.၁၁.၂၀၁၂) ရက်နေ့  မနက် (၁၀း၀၀) နာရီတွင် ရွှေဂုံတိုင်အဖွဲ့ ချုပ်ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နာယကအဖွဲ့ ဝင် ဘဘဦးတင်ဦးနှင့် ပညာရေးကွန်ရက်မှ တာဝန်ရှိသူများ၊ စေတနာဖြစ်သင်တန်းပို့ ချပေးသော တောတိုက်ဓမ္မတက္ကသိုလ်မှ ဆရာဦးအေးသောင်းနှင့် ဆရာ/ ဆရာမများ၊ Thinking Classroom Foundation မှ Dr. သိန်းလွင်နှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ ဆရာမ အယောက် (၂၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
သင်တန်းကို သီတင်းကျွတ်ကျောင်းပိတ်ရက် (၃၁.၁၀.၁၂) မှ (၄.၁၁.၁၂ ) ထိ ဇုံ (၅) ဇုံ ခွဲ၍ ပညာရေးကွန်ရက် အတွင်းရှိ မူတတန်းနှင့် အလယ်တန်းကျောင်း (၃၅) ကျောင်းမှ ဆရာ/ဆရာမ (၁၈၁) ဦးတို့ တက်ရောက်ပြီး သင်တန်းဆရာ (၂၅) ဦးတို့ မှ သင်ကြားမူ အထောက်ကူပြုဘာသာရပ်များကို သင်ကြား ပို့ ချပေးခဲ့ပါသည်။
သဘာပတိ ဘဘဦးတင်ဦး၊ ဆရာဦးအေးသောင်း၊ Dr. သိန်းလွင်မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်။
(သတင်း/ဓါတ်ပုံ - ဦးငယ်)။
.jpg)

No comments:
Post a Comment