နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေလား။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ။
သိန်းစိန် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားရင်းနှီမြုပ်နှံမှုဥပဒေမှာ ရင်းနှီးမြုပ်နှံသူတွေအတွက် တားမြစ်ထားတဲ့ လုပ်ငန်းတွေအဖြစ် အခန်း (၂) အမှတ် (၄) ပါ လုပ်ငန်းအချက်တွေ၊ အခန်း (၈) ပါ ရင်းနှီးမြုပ်နွှသူတွေရဲ့  တာဝန်နဲ့  အခွင့်အရေးများ၊ အခန်း (၁၁) ပါ အမှုထမ်းများနှင့် အလုပ်သမားများ ခန့် ထားခြင်း၊ အခန်း (၁၃) ပါ အာမခံချက်များ အစရှိတဲ့ အချက်အလက်တွေကို ပြည်သူပြည်သားတွေ သိထားမှတ်ထားသင့်ပါတယ်။
Foreign Investment Law
လက်ရှိ မပြီးပြတ်သေးတဲ့ မြစ်ဆုံရေကာတာ စီမံကိန်း၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းတို့ မှာ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံက ပုဂ္ဂိုလ်တွေ၊ သဘာဝဓါတ်ငွေ့ တွေ ရေနံလောင်စာတွေ၊ ကျောက်သံပတ္တမြား အစရှိတဲ့ မြန်မာနိုင်ငံ မြေပေါ်မြေအောက် သယံဇာတတွေနဲ့  ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီက ပုဂ္ဂိုလ်တွေနဲ့ ရော သိန်းစိန် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားရင်းနှီမြုပ်နှံမှုဥပဒေနဲ့  ဘယ်လို ဆက်စပ်သလည်း ဘယ်လိုဆက်စပ်မလည်းဆိုတာကိုတော့ တိတိကျကျ ရှင်းရှင်းလင်းလင်း တိုင်းသူပြည်သားတွေအနေနဲ့  သိသင့်ပါတယ်၊ သိဖို့  လိုပါတယ်။ ထို့ အတူ နိုင်ငံသားတစ်ဦးဦးကို ဘန်းပြပြီး နိုင်ငံသားလုပ်ငန်းရှင်ကြီးများနဲ့  ပုလင်းတူ ဗူးဆို့ ပြီး ဥပဒေကို လက်တစ်လုံးခြား ကလိမ်ကကျစ်ကျနိုင်မယ့် အချက်အလက်တွေကို ဒီဥပဒေရဲ့  အခန်း (၅) ရင်းနှီးမြုပ်နှံမှုပုံစံဆိုတဲ့ အခန်ကဏ္ဍအောက်မှာ တွေ့ မြင်နေရကြောင်းပါ။
No comments:
Post a Comment