တိုင်းသူပြည်သားတွေ ထင်သာမြင်သာမရှိခဲ့တဲ့ ရွှေမန်းရဲ့  သြစတြေးလျနိုင်ငံ ခရီးစဉ်နဲ့  သြစတြေးလျနိုင်ငံ ကော်ဇောနီပေါ် လမ်းလျှောက်မယ့် သိန်းစိန်။
တိုင်းသူပြည်သားတွေ ထင်သာမြင်သာမရှိခဲ့တဲ့ ရွှေမန်းရဲ့  သြစတြေးလျနိုင်ငံ ခရီးစဉ်နဲ့  သြစတြေးလျနိုင်ငံ ကော်ဇောနီပေါ် လမ်းလျှောက်မယ့် သိန်းစိန် - နိုင်ငံတကာလူ့ အခွင့်အရေးနေ့  မှာမှ လူအခွင့်အရေးချိုးဖောက်သူ လျှောက်မယ့် နီရဲသောလမ်း။
လက်ပံတောင်းတောင်အကြမ်းဘက်မှု မဖြစ်ပွားခင် လပိုင်းအလိုမှာ မြန်မာပြည်သူပြည်သားတွေ မသိရှိခဲ့ရတဲ့ ရွှေမန်းရဲ့  သြစတြေးလျခရီးစဉ်အကြောင်းကို ဖေါ်ပြလိုက်ရပါတယ်။ ရွှေမန်းနဲ့  အဖွဲ့  ဟာ သြစတြေးလျနိုင်ငံရဲ့  မြို့ တော် ကင်ဘာရာမြို့ ရှိ လွှတ်တော်အဆောက်အဦးအတွင်း ၀င်ရောက်ခဲ့ပြီး သြစတြေးလျနိုင်ငံရဲ့  လွှတ်တော်ကျင်းပပုံတွေကို မျက်ဝါးထင်ထင် ကြည့်ရှူခဲ့ပါတယ်။
ပြည်သူလူထုက အမှန်တကယ်ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်ကိုယ်စားလှယ်တွေဆိုတာ အလျဉ်းမပါရှိတဲ့) ဒီမိုကရေစီစနစ် စစ်မှန်စွာ ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့  ပြည်သူ့ လွှတ်တော်ဆိုတာ ဘယ်လိုလည်းဆိုတာ ရွှေမန်းတို့  ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့တဲ့ သြစတြေးလျနိုင်ငံက လွှတ်တော်နှစ်ရပ်မှာဆိုရင် ပြည်သူ့ လွှတ်တော် ဥက္ကဌ (Speaker) ကို အလည်မှာထားပြီး ဘေးတစ်ဘက်မှာ လက်ရှိအာဏာရပါတီက လွှတ်တော်အမတ်တွေရယ် အခြားတစ်ဘက်မှာ အတိုက်အခံပါတီတွေက လွှတ်တော်အမတ်တွေရယ် မျက်နှာချင်းဆိုင်ထိုင်ကြပြီး တိုင်းပြုပြည်ပြုရေးရာတွေကို အပြန်အလှန်မေးကြမြန်းကြ ဝေဖန်ထောက်ပြ ပြောဆိုကြနဲ့  တကယ်ကို အားရစရာကောင်းလောက်အောင် ပြည်သူကိုယ်စားပြုပြီး တိုင်းကျိုးပြည်ကျိုး ပြည်သူပြည်သားများအကျိုးကို မခိုမကပ်ဘဲ ပြည်သူက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်ကြပါတယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဌ (Speaker) ကလည်း တရားဥပဒေနဲ့ အညီ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲကနေ အာဏာရပါတီဝင် လွှတ်တော်အမတ်တွေနဲ့  အတိုက်အခံပါတီဝင် လွှတ်တော်အမတ်တွေ အပြန်အလှန်ဆွေးနွေးချက်တွေအပေါ် ကျောသားရင်သားမခွဲခြားဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့  ဆွေးနွေးမှုတွေ အဆင်ပြေ ချောမွေ့ အောင် ဆောင်ရွက်ပေးပါတယ်။
ပြည်သူ့ လွှတ်တော်အတွင်း ဆွေးနွေးမှု ပြောကြားချက်တွေမှန်သမျှကို အဖြတ်အတောက် ဖုံးအုပ်ကွယ်ဖွက်ခြင်း မရှိဘဲ အစမှအဆုံး နိုင်ငံပိုင် ရုပ်မြင်သံကြားတွေ ရေဒီယိုတွေကနေ သီးသန့်  အစီအစဉ်အနေနဲ့  တိုက်ရိုက်ထုတ်လွှတ်ပေးတာမို့  သြစတြေးလျနိုင်ငံရဲ့  နိုင်ငံသား တစ်ဦးချင်းတိုင်း မည်သူမဆို အဆိုပါ သတင်းမီဒီယာတွေကနေ လွတ်လပ်စွာ ကြည့်ရှူနိုင်ကြပါတယ်။ ထို့ အတူ သြစတြေးလျနိုင်ငံသားများမှသာမက၊ သြစတြေးလျနိုင်ငံကို ခေတ္တခဏ ရောက်ရှိနေကြသူ မည်သည့်နိုင်ငံက မည်သူမဆို သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အဦးအတွင်းရှိ အထက်လွှတ်တော် အောက်လွှတ်တော်ခန်းမများအတွင်း ၀င်ရောက်ပြီး သတ်မှတ်ထားရာ နေရာကနေ ပြည်သူ့ ကိုယ်စားလှယ် လွှတ်တော်အမတ်များရဲ့  အပြန်အလှန်ဆွေးနွေးချက်တွေ အစီရင်ခံတင်ပြပြောဆိုချက်တွေကို မျက်ဝါးထင်ထင် နားနဲ့  ဆတ်ဆတ် ကြည့်ရှူ နားထောင်နိုင်ပါတယ်။
မြန်မာပြည်မှ ပြည်သူ့ လွှတ်တော် ဥက္ကဌနေရာကြီးကို ရယူထားတဲ့ ရွှေမန်းနဲ့  လွှတ်တော်ဆင်ယင်ကျင်းပပုံနဲ့  ပြောဆိုဆွေးနွေးချက်များကို ချုပ်ချယ်ကန့် သတ်မှုတွေ၊ ကြံ့  ဖွတ်အမတ်တွေနဲ့  အခြားသောပါတီဝင် အမတ်တွေအကြား ဘက်လိုက်ဆက်ဆံမှုတွေ ပြောဆိုဆောင်ရွက်မှုတွေ၊ အများပြည်သူလူထု ပွင့်လင်းမြင်သာစွာနဲ့  ပြည်သူ့ လွှတ်တော်အတွင်း ပြောဆိုဆွေးနွေးမှုတွေကို မသိရှိနိုင်အခြေအနေတွေနဲ့  အတော့်ကို ကွာခြားတယ်ဆိုတာ သြစတြေးလျနိုင်ငံ အထက်လွှတ်တော် အောက်လွှတ်တော်နှစ်ရပ်လုံးအတွင်းကို ရောက်ရှိခဲ့တဲ့ ရွှေမန်းနဲ့  အဖွဲ့ တွေ သိရှိကြမှာပါ။
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးကြတဲ့ သြစတြေးလျနိုင်ငံလို ပြည်သူ့  ကိုယ်စားလှယ် အစစ်အမှန်တွေရဲ့  ပြည်သူ့ လွှတ်တော်ကျင်းပပုံကို လက်တွေ့ မြင်တွေ့  ကြားသိခဲ့တဲ့ ရွှေမန်းတို့ လို ဒီမိုကရေစီအရေခြုံ ဘန်းပြ ကိုယ့်ကိုကိုယ် ကောက်ရွေးခဲ့ကြတဲ့ ရွှေမန်းတို့ ကတော့ သြစတြေးလျနိုင်ငံရဲ့  လွှတ်တော်ကို အမှန်တကယ် လေ့လာချင်တာထက် အလိမ်အညာ ဟန်ဆောင်မှုတွေနဲ့  နိုင်ငံရေးအမြတ်ထုတ် ကိုယ်ကျိုးအထောက်အကူပြုဖို့ သာ အလေးထားတာမို့  ကျွဲပါးစောင်းတီးသလိုပါဘဲ။ သြစတြေးလျနိုင်ငံကို သွားရောက်တာကို ပြည်သူလူထုအပေါ် ဖွင့်ချမပြဘဲ တိတ်တဆိတ်သွားရောက်ခဲ့ပြီး မြန်မာပြည်ကို ပြန်ရောက်ရှိပြီးနောက်ပိုင်းမှာလည်း ရွှေမန်းရဲ့  လွှတ်တော်ကြီးအတွင်း ကျင်းပမှုတွေကတော့ ဒုံရင်းက ဒုံရင်းဖြစ်နေတုန်းအပြင် အချုပ်အချယ် ကန့် သတ်တားမြစ်မှုတွေကလည်း ဒီအတိုင်းပါဘဲ။
သြစတြေလျနိုင်ငံ ပြည်သူ့ လွှတ်တော်ကျင်းပမှုကို လေ့လာပြီး ပြန်ရောက်လာခဲ့တဲ့ ရွှေမန်းရဲ့  သြစတြေလျခရီးစဉ်နောက်ပိုင်း မကြာခင် အချိန်ကဘဲ သံဃာတော်တွေကို မီးခိုးဗုံးနဲ့ ပစ် မီးလောင်တိုက်သွင်း၊ ငြိမ်းချမ်းစွာဆန္ဒထူတ်ဖေါ်သူတွေကို အာဏာရှင်တို့  စရိုက်အတိုင်းဘဲ အကြမ်းဘက်ဖြိုခွဲ ဖမ်းဆီးမှုတွေ ဖြစ်ပေါ်တာက အင်မတန်ကို ဆိုးရွားလှတဲ့ လူ့  အခွင့်အရေးချိုးဖောက်မှုတွေကို ရွှေမန်းတို့  သိန်းစိန်တို့  အုပ်စုတွေ ဆက်လက်ကျင့်သုံးနေဆဲဆိုတာ သက်သေပြတာပါဘဲ။ ပြည်သူ့ လွှတ်တော် ဥက္ကဌကြီး ရွှေမန်းရဲ့  ပြည်သူ့ လွှတ်တော်ဆိုတာ ဒီလိုအကြမ်းဘက်မှုတွေ မပေါ်ပေါက်အောင် လုပ်ဆောင်နိုင်တဲ့ အခြေအနေ လုပ်ဆောင်လိုတဲ့ စိတ်ရင်းဆန္ဒ မရှိဖူးဆိုတာ လက်တွေ့ မှာ ပြသလိုက်ပါတယ်။
သြစတြေးလျနိုင်ငံကို ရှေ့ ပြေး တိတ်တိတ်လေး အပြေးအလွှားသွားရောက်ပြီး ပြန်လာခဲ့တဲ့ ရွှေမန်းနဲ့  အဖွဲ့ အပြီး၊ နောက်ထပ်သွားရောက်မယ့်သူကတော့ အလှည့်ကျသူ သိန်းစိန်နဲ့ အဖွဲ့ ဘဲ ဖြစ်ပါတယ်။ သိန်းစိန် သြစတြေးလျကို သွားရောက်မယ့် ဒီဇင်ဘာလ (၁၀) ရက်နေ့ ဟာ နိုင်ငံတကာလူ့ အခွင့်အရေးနေ့  ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာလူ့ အခွင့်အရေးနေ့ မှာ လူ့အခွင့်အရေးကို ထိထိရောက်ရောက် ကျင့်သုံးတဲ့ နိုင်ငံကြီးတစ်ခုကို လက်ပံတောင်းတောင် အကြမ်းဘက်ဖြိုခွင်းမှုတွေ သံဃာတော်တွေကို မီးလောင်တိုက်သွင်းမှုတွေ တိုင်းရင်းသားပြည်သူလူထုရဲ့  အိုးအိမ်စည်းစိမ်တွေ အသက်တွေ ဘ၀တွေ ဆုံးရှုံးစေတဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပြသသူ တိုင်းသူပြည်သားတွေအပေါ် ရမ်းကားစွာ ဖမ်းဆီးခေါ်ဆောင် အကျဉ်းချမှုတွေ အစရှိတဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ထပ်ကာတလဲလဲ ကျင့်သုံးလုပ်ဆောင်နေတဲ့ သိန်းစိန်လို လူသတ်သမားအုပ်စုကို ဖိတ်ခေါ်တဲ့ သြစတြေးလျနိုင်ငံအစိုးရအနေနဲ့  ဖိတ်ခေါ်ချက်ကို ပြန်လည်သုံးသပ် ပယ်ဖျက်သင့်တဲ့အကြောင်း အဆိုပါ သြစတြေလျနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူပြည်သား မျိုးချစ်မြန်မာတွေက ဝေဖန်ထောက်ပြပြောဆိုကြဖို့  လိုပါတယ်။
မကြာသေးခင်က မီးလောင်ဒဏ်ရခဲ့တဲ့ သံဃာတော် ယခုထိ ဆေးကုသမှုကို ခံယူနေရဆဲပါ၊ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသူတွေကို ဖမ်းဆီးခံထားနေရဆဲပါ၊ တိုင်းရင်းသားဒေသတွေမှာ ကလေးသူငယ်အရွယ် အမျိုးသမီးတွေအပါအ၀င် တိုင်းရင်သားပြည်သူတွေ ဘ၀တွေ သေကြေပျက်ဆီး အပြေးအလွှား ရှောင်တိမ်းပုန်းရှောင်နေရတုန်း မီးခိုးငွေတွေ လူသတ်လက်နက်သံတွေ ကြားနေကြုံနေရဆဲပါ။ ခေတ်အဆက်ဆက် သွေေးမြကျခဲ့ရတဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့  သွေးတွေ မခမ်းခြောက်သေးပါဖူး။
သြစတြေးလျနိုင်ငံ အစိုးရက သိန်းစိန်နဲ့ အဖွဲ့ ကို ကော်ဇော်နီ ခင်းပြီး ကြိုဆိုဖို့  စီစဉ်ထားတယ်ဆိုတော့ သိန်းစိန်တို့  ရွှေမန်းတို့  ကော်ဇောနီပေါ်မှာ ခြေတစ်လှမ်း လှမ်းတိုင်း မြန်မာပြည်သူပြည်သားတွေရဲ့  သွေးတွေ၊ အထူးသဖြင့် သံဃာတော်တွေရဲ့  သွေးတွေအပေါ် မြန်မာပြည်သူပြည်သားတွေရဲ့  သွေးချင်းချင်း နီရဲနေတဲ့အပေါ် ရက်စက်ယုတ်မာစွာ ဟန်ဆောင်ပြုံးနေကြသူ တစ်လှမ်းချင်း နင်းခြေလျှောက်လှမ်းနေတယ်လို့  မြင်မိပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့  လူအခွင့်အရေး ပြည့်ဝမှုကို ရရှိခံစားနေကြတဲ့ သြစတြေးလျနိုင်ငံရောက် မြန်မာလူမျိုးများအနေနဲ့  ကိုယ့် မိခင်တိုင်းပြည်က ကိုယ့်ရဲ့ ပြည်သူပြည်သားတွေအပေါ် သတ်ဖြတ်ညဉ်းပမ်းနေတဲ့ လူသတ်သမားတွေရဲ့  သွေးစွန်းနေသော လက်ကို ကမ်းလှမ်းကြိုဆိုကြမယ်ဆိုရင်တော့ …….
No comments:
Post a Comment