"ပြည်ဖြိုလမ်း" တဲ့။
"ပြည်ဖြိုလမ်း" တဲ့။
ကျောက်ဆည်မြို့၊ ဆူးကုန်းရပ် မြောက်ပိုင်း၊ ကြိုးတံတား အနီးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ခရိုင်ရုံး) တည်ရှိပါတယ်။ အဲဒီရုံးက အစိုးရနည်းပညာတက္ကသိုလ် သွားရာလမ်းမှာ ရှိတော့ အထူးလည်း စည်ကားလှပါတယ်။
ဒါကြောင့် အဲဒီ လမ်းကြီးကိုလည်း ကြံ့ခိုင်ရေးက ပြည်ခိုင်ဖြိုး လမ်းဆိုပြီး နာမည်ပေးလိုက်ကြတယ် (ယခင်က .. ယခင်ကပေါ့)။
အခုတော့ အဲဒီ လမ်းကြီးကို တာဝန်သိပြည်သူတွေက နာမည် အသစ်တစ်ခု ထပ်ပေးလိုက်ပြန်ပါတယ်။
လမ်းနာမည်က ပုံမှာ မြင်တဲ့ အတိုင်း (အကြံအဖန် မဟုတ် ဘူးနော် .. အမှန် အကန်) “ပြည်ဖြိုလမ်း” တဲ့။ တိုင်းပြည်ကို ပျက်အောင် ဖြိုကြတဲ့သူတွေ ဘယ်သူတွေလည်းဆိုတာ ပြည်သူပြည်သားတွေ သိကြမှာပါ။
(ကိုမိုးဟိန်း ဖေ့စ်ဘွတ်စာမျက်နှာ)။

No comments:
Post a Comment