အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်ဆိုလို့ ။
အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်ဆိုလို့ ။
အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်၊ အကျဉ်းထောင်တွေရဲ့ သောက်ရေသုံးရေ၊ မိလ္လာစနစ်၊ ဆေးဝါးရရှိမှု၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေး စတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးမယ်၊ အကျဉ်းသားတချို့နဲ့လည်း တစ်ဦးချင်းတွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ICRC ဥက္ကဌ မစ္စတာ Peter Maurer က ပြောကြားတာ သိရလို့  သတိလေးတော့ ပေးလိုက်ချင်ပါတယ်။
မြန်မာပြည်က အကျဉ်းထောင်တွေကို ပြင်ပက အထူးသဖြင့် နိုင်ငံတကာက ပုဂ္ဂိုလ်တွေ အဖွဲ့ အစည်းတွေ လာရောက်စစ်ဆေးမယ်ဆိုရင် ဥာဏ်နီဥာဏ်နက်များတဲ့ အာဏာရှင်အုပ်စုဟာ အကျဉ်းထောင်အတွင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပါတယ်။ အကျဉ်းထောင် ပတ်ဝန်းကျင်သန့် ရှင်းရေး၊ အကျဉ်းသားတွေအတွက် နေထိုင်စားသောက်ရေး ကျန်းမာရေး အခွင့်အရေး အစစကို ဖန်တီးပြင်ဆင်ထားပြီး အဆိုပါ စစ်ဆေးမှုတွေကို စောင့်ဆိုင်းနေပါတယ်။ အဲ့ဒီ လာရောက်စစ်ဆေးသူတွေက မေးမြန်းလာရင်တောင် အဆင်ပြေအောင် ကောင်းမွန်မှု ရှိနေကြောင်း လိမ်ညာပြောဆိုဖို့  ဇာတ်တိုက်ထားပြီးသားပါ။ အကျဉ်းသားတွေထဲကတောင် အခွင့်အရေး မက်လုံးပေးထားပြီး အကြိုက်လေး လိုက်ပြောပေးဖို့  ပြင်ဆင်ရွေးချယ်ထားပြီးသားပါ။ နိုင်ငံတကာက သိတဲ့ နိုင်ငံရေးအကျဉ်းသားမျိုးဆို မေးမြန်းတာ အမှန်အတိုင်းပြောလိုက်ရင် နောက်ပိုင်း ခံစားရမယ့် ဝေဒနာတွေကတော့ မတွေးဝံ့အောင်ပါဘဲ။
မကြာခင် အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးမယ်ဆိုတဲ့ ဒီလိုတရားဝင်ကြေညာပြီး စစ်ဆေးလို့ ကတော့ အာဏာရှင်အုပ်စုရဲ့  အကြိုက် ၀ါဒဖြန့် ဖို့ ရအောင် ကိုယ်ကိုတိုင်က ၀င်ရောက်ကပြနေတဲ့ မျောက်ဖိုးစိန်ဘ၀ဖြစ်ရုံကလွဲလို့  အကျိုးအမြတ်က ကိုယ်ချည်းဘဲ ရှုံးပြီးသား ဖြစ်နေမှာပါ။
တစ်ချိန်တုန်းက အင်းစိန်အကျဉ်းထောင်အတွင်းကို ဒီလိုဝင်ရောက်စစ်ဆေးတဲ့သူတွေကို ပြသလိုက်တဲ့ အဖြစ်တစ်ခုကတော့ အကျဉ်းသားတွေရဲ့  အစားအသောက်တွေအတွက် စနစ်တကျ ပြင်ဆင် ကောင်းမွန်စွာ ကျွေးမွေးထားပါတယ်ဆိုတာ ပါးစပ်က အမြုပ်ထွက်လုမတတ် ရှင်းပြရုံမက ချက်ပြုတ်ကျွေးမွေးတဲ့ အိုးကြီးအိုးငယ်အသွယ်သွယ်ကို ပြထားလိုက်တာ အဆိုပါ အိုးတွေက အသစ်စက်စက် ပြောင်ပြောင်လက်လက် ဖြစ်နေတာကို အံ့သြဖွယ်တွေ့ မြင်ခဲ့လိုက်ရပါတယ်။
ထပ်ကာတလဲလဲ ပြောနေရတဲ့ ပြောစကားကတော့ အာဏာရှင်အုပ်စုရဲ့  လိမ်ညာနည်း အမျိုးမျိုးအဖုံဖုံကို ယုံသူများ တစ်ခါအညာခံရရင် ကိုယ်မသိလိုက်လို့  ထားပါတော့၊ အခါခါ အလိမ်ညာခံရရင်တော့ ကိုယ်အသုံးမကျလို့ ဘဲ ဆိုရမှာပါဘဲ။ အချို့ ကတော့ ညာတာ သိသိကြီးနဲ့  အညာခံလိုတာ အညာခံရတာ ကျေနပ်ရင်တော့ မပြောတတ်ဖူးပေါ့ဗျာ။
ဘာဘဲပြောပြော အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးပါတော့မယ်။ တကယ်ဘဲ အမှန်စစ်ဆေးနိုင်မလား၊ အာဏာရှင်အုပ်စုအတွက်တော့ အကွက်တစ်ခု ထပ်တိုးမှာလားဆိုတာကတော့။
No comments:
Post a Comment