သြစတြေးလျနိုင်ငံ စုံစမ်းစစ်ဆေးရေးအဖွဲ့  က အဲပုဂံလေယာဉ်ရဲ့  Black box စစ်ဆေးနေတာ ဘာမှ အကြောင်းရင်း မထုတ်ပြန်ရသေး။
သြစတြေးလျနိုင်ငံ စုံစမ်းစစ်ဆေးရေးအဖွဲ့  က အဲပုဂံလေယာဉ်ရဲ့  Black box စစ်ဆေးနေတာ ဘာမှ အကြောင်းရင်း မထုတ်ပြန်ရသေး။
အဲပုဂံ လေယာဉ် ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့တာကို သြစတြေးလျနိုင်ငံ စုံစမ်းစစ်ဆေးရေးအဖွဲ့  က Black box စစ်ဆေးနေတာ ဘာမှ အကြောင်းရင်း မထုတ်ပြန်ရသေးဘဲနဲ့  ဘာဖြစ်လို့  စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းတို့ က လေယာဉ်မှူးတွေကို ကြိုတင်စွပ်စွဲ ပြောဆိုရတာလည်း။
အဲပုဂံလေယာဉ်ပျက်ကျမှု Black Box စစ်ဆေးမှု ရလဒ်ထွက်ပေါ်လာပြီဆိုပြီး စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းတို့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာကို တွေ့  မြင်ရပါတယ်။
ဟဲဟိုးလေဆိပ်မှာ ကျန်ခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့ က ပျက်ကျခဲ့တဲ့ အဲပုဂံ ဖော်ကာ ၁၀၀ လေယာဉ်ကိစ္စနဲ့  ပတ်သက်ပြီး - သြစတြေးလျနိုင်ငံကို ပို့ ဆောင်ပြီး စစ်ဆေးခိုင်းတဲ့ Black Box စစ်ဆေးမှုအရ အဲပုဂံလေယာဉ်ပျက်ကျမှုတွင် ဖြစ်နိုင်သည့် အကြောင်းရင်းမှာ လေယာဉ်မှူးများက လေယာဉ်အား ကွင်းသို့ ဆင်းသက်ရန်အတွက် မှန်ကန်သည့် လုပ်ဆောင်မှု မလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံက စစ်ဆေးတွေ့ ရှိတဲ့ အချက်အလက်တွေ တစ်ပါတ်အကြာမှာ ရရှိခဲ့တယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။
စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းတို့  သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ က ဖြစ်ပါတယ်။ သို့ ပေမယ့် ယနေ့ ထိတိုင်အောင် သြစတြေးလျနိုင်ငံက ဒီ Black Box (Aircraft Flight Data Recorder – FDR and Cockpit Voice Recorder – CVR) ကို စစ်ဆေးနေတဲ့ အဖွဲ့ က မည်သည့်ကြောင်းကြောင့် ဖြစ်တယ်ဆိုတာကို လုံးဝအလျဉ်း ထုတ်ပြန်သေးခြင်း မရှိသေးပါဖူး။ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်နေဆဲသာရှိပြီး ဒီစစ်ဆေးမှုဟာ ရှေ့ နှစ် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလလောက်မှသာ ပြီးစီးနိုင်လိမ့်မယ်လို့  ပြောဆိုထားပါတယ်။
သြစတြေးလျနိုင်ငံက စုံစမ်းစစ်ဆေးမှုအဖွဲ့ ကနေ ခိုင်မာတိကျသော စုံစမ်းစစ်ဆေးတွေ့ ရှိချက်ကို တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲနဲ့  ယခုလို စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းတို့ က သတင်းစာရှင်းလင်းပွဲလုပ် ထင်မြင်ချက်တွေကို ပြောဆိုတာတွေဟာ မပြုလုပ်သင့်သော လုပ်ရပ်ဖြစ်ပါတယ်။ ဥပဒေအရလည်း တိကျခိုင်လုံသော အထောက်အထားသက်သေမရှိသေးဘဲနဲ့  တရားခံအဖြစ် စွပ်စွဲပြောဆိုမှုဟာ ပြစ်မှုကျူးလွန်ရာရောက်ပါတယ်။
“လေယာဉ်ပျက်ကျမှု ဖြစ်နိုင်သည့်အကြောင်းရင်းမှာ လေယာဉ်မှူးများ လုပ်သင့်သည်ကို မလုပ်နိုင်ခဲ့၍ ဖြစ်ကြောင်း” ပြောဆိုခြင်းမှာ မခိုင်လုံသော စွပ်စွဲချက် ဖြစ်နေကာ မှားယွင်းစွာ စွပ်စွဲမိပါက အပြစ်မရှိသော ပုဂ္ဂိုလ်များအတွက် များစွာထိခိုက်နစ်နာစေပါတယ်။
၂၀၁၄ ခုနှစ်ကျမှ ပြီးစီးမယ့် သြစတြေလျနိုင်ငံက ဒီ လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာ အသေးစိတ်ကို သက်ဆိုင်သူများအားလုံးနှင့် မြန်မာပြည်သူလူထု သိရှိနိုင်စေရန်အတွက် ထုတ်ပြန်ပေးဖို့  လိုအပ်ပါတယ်။
ယခုလိုမျိုး စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းတို့ ရဲ့  သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခြင်းဟာ သမာသမတ်မရှိသော လုပ်ဆောင်မှုဖြစ်ပြီး၊ ဒီ အဲပုဂံလေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းတို့ ရဲ့  မရိုးသားသော ဆောင်ရွက်မှုတစ်ခုအဖြစ်သို့  ရောက်ရှိနေစေပါတယ်။
No comments:
Post a Comment