ကချင်စစ်ဘေးသင့်ဒေသမှ တိုင်းရင်းသားပြည်သူများထံသို့  ရှမ်းတောင်/ကယားပြည်သူများ၊ ရပ်မိရပ်ဖများနှင့် အဖွဲ့ အစည်းများ၊ ကုမ္ပဏီများမှ အလှူငွေများ လှူဒါန်းပေးပို့ မည်။
ကချင်စစ်ဘေးသင့်ဒေသမှ တိုင်းရင်းသားပြည်သူများထံသို့  ရှမ်းတောင်/ကယားပြည်သူများ၊ ရပ်မိရပ်ဖများနှင့် အဖွဲ့ အစည်းများ၊ ကုမ္ပဏီများမှ အလှူငွေများ လှူဒါန်းပေးပို့ မည်။
ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ၊ နေ့ လည်အချိန် (၁) နာရီတွင် တောင်ကြီးမြို့ နယ် ကန်ရှေ့  ရပ်ကွက်ရှိ Classic စားသောက်ဆိုင်ခန်းမ၌ တောင်ကြီးမြို့ ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများနှင့် ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့ တို့  တွေ့ ဆုံပြီး ကချင်စစ်ဘေးသင့်ဒေသမှ တိုင်းရင်းသားပြည်သူပြည်သားများအား လိုအပ်သောကူညီမှုများ ပြုလုပ်နိုင်ရန်အတွက် အကြံဥာဏ်ရယူ တွေ့ ဆုံးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားသို့  ဦးခင်မောင်ညွှန့်  (SNLD ဥက္ကဋ္ဌ၊ တောင်ကြီး)၊ ဦးစိုင်းလှအောင် (SNLD – CC)၊ ဦးခင်မောင်ဝင်း (SNLD – EC)၊ ဦးစ၀်ထောက် (ရှမ်းစာပေယဉ်ကျေးမှု)၊ ဦးခွန်ရွှေစိန် (ရလလဖ)၊ ဦးဘုန်းနိုင် (ရလလဖ ဗဟိုကော်မီတီဝင်)၊ ဦးကြည်မိုး (ရှမ်းပြည်မျိုးဆက်အင်အားစု)၊ ဦးခင်မောင် (ဓနုစာပေယဉ်ကျေးမှုအသင်း)၊ ဦးခွန်အေးမောင်တို့ နှင့် တောင်ကြီးမြို့  အောင်သပြေမြို့  ရွှေညောင်မြို့ ပေါ်ရှိ လူမှုရေးတက်ကြွလှုပ်ရှားသူလူငယ်များ၊ ရပ်မိရပ်ဖအလှူရှင်များလည်း တက်ရောက်ကြကြောင်း သိရှိရပါသည်။ မြို့ မိမြို့ ဖများဖြစ်ကြသော ဦးခင်မောင်ညွှန့် ၊ ဦးသိန်းထွန်း (မြမာလာရွှေဆိုင်)၊ ဦးသူရစောသိန်း၊ ဦးတင်ထွန်းအောင်၊ ဦးခွန်ကြာအောင် (ကံပွင့်ဆေးလိပ်ခုံ) တို့ မှ ရှမ်းတောင်/ကယားပြည်သူများကိုယ်စား ဦးစီးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
တက်ရောက်လာကြသော အဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများမှ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဦးဝင်းတင့် (ကြယ်စင်ဆောက်လုပ်ရေး) မှ ကျပ်ငွေ ၁၀ သိန်း၊ ဦးခင်မောင်ညွှန့်  + ဒေါ်ခင်သန်းဦး (တော်ဝင်ဖိနပ်ဆိုင်) မှ ကျပ်ငွေ ၁၀ သိန်း၊ ဦးခင်မောင် (ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ ဖြိုးရေးအသင်း ဘဏ္ဍာရေးမှူး) မှ ကျပ်ငွေ ၁ သိန်း ၅ သောင်း၊ ကိုတူးငယ် (ခ) သူရစောသိန်း (ရှမ်းသရဖူသကြားစက်) မှ ကျပ်ငွေ ၃ သိန်း၊ ကားပစ္စည်းရောင်းဝယ်ရေးမိတ်ဆွေများအဖွဲ့ မှ ကျပ်ငွေ ၃ သိန်း၊ ဦးကြည်ရှိန် (ချယ်ရီရိုးမကားဝန်ဆောင်မှုကုမ္ပဏီ) မှ ကျပ်ငွေ ၃ သိန်း၊ ဦးခွန်ရွှေစိန် (ရလလဖ ဥက္ကဋ္ဌ) မှ ကျပ်ငွေ ၁ သိန်း၊ ဦးခွန်အေးမောင်မှ ကျပ်ငွေ ၁ သိန်း၊ ဦတင်ထွန်းအောင် (ရွှေကလောင်ဆန်ဆိုင်) မှ ကျပ်ငွေ ၁ သိန်း၊ ဦးကြည်အေး (မိုဘိုင်းဝေါဖုန်းဆိုင်) မှ ကျပ်ငွေ ၅ သောင်း၊ ဦးယဉ်ထွေး (အဆင့်မြင့်အုတ်ဘလောက်လုပ်ငန်း) မှ ကျပ်ငွေ ၂ သောင်းတို့  ပေးအပ်လှူဒါန်းခဲ့ပြီး အလှူငွေ စုစုပေါင်း ကျပ်ငွေ ၃၄ သိန်း ၂ သောင်း ရရှိကြောင်း၊ အလှူငွေများကို ကချင်စစ်ဘေးသင့်ဒေသမှ ပြည်သူများထံသို့  သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့ နောက် ဦးခွန်ရွှေစိန် (ရလလဖ ဥက္ကဋ္ဌ)၊ ဦးစ၀်ထောက် (ရှမ်းစာပေယဉ်ကျေးမှုအသင်း)၊ ဦးခင်မောင်ညွှန့်  (SNLD ဥက္ကဋ္ဌ) နှင့် ရပ်မိရပ်ဖအချို့ မှ အကြံပြုစကားများ ပြောကြားပြီး အခမ်းအနားပြီးဆုံးကြောင်း သိရှိရပါသည်။
(သတင်း/ဓါတ်ပုံ - ရတနာ)။ a
No comments:
Post a Comment