(၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့  တောင်ကြီးမြို့ တွင် ကျင်းပပြုလုပ်ခဲ့။
(၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့  တောင်ကြီးမြို့ တွင် ကျင်းပပြုလုပ်ခဲ့။
ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ တွင် ကျရောက်ခဲ့သော ချင်းအမျိုးသားနေ့ ကို ပထမဦးဆုံးအကြိမ်အဖြစ် တောင်ကြီးမြို့ ရေအေးကွင်းရပ်ရှိ ဟက်ကယ်အောင်းမေ့ဖွယ်ခန်းမတွင် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့  နံနက် (၉) နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားအာ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး သဘာပတိဖြစ်သူ ဦးဟုန်းတမ်မှ အဖွင့်အမှာစကား ပြောကြားပါသည်။ ၄င်းနောက် ချင်းအမျိုးသားနေ့  ဖြစ်ပေါ်လာပုံကို ဦး L ဘွေကောမှ (တောင်ကြီးတက္ကသိုလ်၊ သမိုင်းပါမောက္ခ) မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့် နောက် အခမ်းအနားတက်ရောက်လာကြသူများကိုယ်စား ဦးဗန်ကျွမ်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ချင်းတိုင်းရင်းသား ရိုးရာတေးသီချင်းများနှင့် အကများဖြစ်ကြသည့် ဌာနေတို့ ချင်းပြည်၊ ချင်းတောင်အလှ၊ မတူပီကောက်စိုက်အက၊ ၀ါးညှပ်အက၊Tidim ရိုးရာအက၊ Conglaizon အကတို့ ဖြင့် စုပေါင်းတင်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
(သတင်း/ဓါတ်ပုံ - ကောင်းစစ် - တောင်ကြီး)။
(ပေးပို့ သူ - ရတနာ)။
No comments:
Post a Comment