Monday, February 25, 2013

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) ၏ ရံပုံငွေဈေးရောင်းပွဲ။

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) ၏ ရံပုံငွေဈေးရောင်းပွဲ။

ဗကသများအဖွဲ့ချုပ်၊ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) ၏ ရံပုံငွေဈေးရောင်းပွဲအဖြစ် သန်လျင်မြို့ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဆိုင်ခန်းဖွင့်လှစ် ရောင်းချနေကြပါသည်။



ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) အနေဖြင့် ဗကသများအဖွဲ့ ချုပ်၏ မူဝါဒလမ်းစဉ် (၅) ရပ်နှင့် ကိုက်ညီသော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်သူအကျိုးအရေးလုပ်ငန်းများကို ကျောင်းသား/သူများ၏ မုန့်ဖိုးများနှင့် သမဂ္ဂလစဉ် ထည့်ဝင်ကြေးများကို အသုံးပြု၍ ဆောင်ရွက်ခဲ့ကြသော်လည်း များပြားလှသော လုပ်ငန်းစဉ်များအတွက် သမဂ္ဂရံပုံငွေ မလောက်သဖြင့် ယခုကဲ့သို့ ရံပုံငွေ ဈေးရောင်းပွဲပြုလုပ်ရ ခြင်းဖြစ်ပြီး ရရှိလာသော အမြတ်အစွန်းများကို ဗကသများအဖွဲ့ချုပ်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ကချင်စစ်ဘေးသင့်ပြည်သူများအတွက် အသုံးပြုသွားမည် ဖြစ်ပါသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)။

(သတင်း/ဓါတ်ပုံ - မင်းသွေးသစ်)။

No comments: