ပုဂံရှေးဟောင်းနယ်မြေ ဘုရားစေတီပုထိုးတွေထဲက စားသောက်ဆိုင်များ။
ပုဂံရှေးဟောင်းနယ်မြေ ဘုရားစေတီပုထိုးတွေထဲက စားသောက်ဆိုင်များ။
၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရန်အတွက်ဆိုပြီး ပုဂံ ရှေးဟောင်းနယ်မြေက ဘုရားစေတီပုထိုးတွေထဲမှာ “Temple Dinner” ဆိုတဲ့ ညစာစားပွဲတွေ ကျင်းပတာ ဗုဒ္ဓဘာသာထွန်းကားပြီး ဘာသာသာသနာတော်ကို ကိုင်းရှိုင်းရိုသေလှပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ လုံးဝ မသင့်တော်တဲ့ ကိစ္စရပ် ဖြစ်ပါတယ်။
စားသောက်ဆိုင်တွေကို ဘုရားစေတီပုထိုးတွေထဲမှာ မပြုလုပ်စေဘဲ ဘုရားစေတီပုထိုးတွေနဲ့  ကင်းဝေးရာ နေရာတွေမှာ စနစ်တကျ သတ်မှတ်ပြီး စီစဉ်ဖွင့်လှစ်ပေးသင့်ပါတယ်။
ပုဂံ ရှေးဟောင်း နယ်မြေဆိုတာ မြန်မာသမိုင်းတင်မက ကမ္ဘာ့မှတ်တမ်းတောင်ဝင်တဲ့ မြန်မာလူမျိုးတို့ အတွက် တိုင်းပြည်နဲ့  လူမျိုးအတွက် ဂုဏ်သိက္ခာ၊ မြန်မာလက်မှုအနုပညာနဲ့  ဘာသာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကြီးမားလှတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်ပါတယ်။
ဒီလိုနေရာမျိုးမှာ အထူးသဖြင့် ဘုရားစေတီပုထိုးတွေထဲမှာ စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းအတွက် ဦးစားပေးပြီး စားသောက်ဆိုင်တွေဖွင့် အသောက်အစားတွေနဲ့  ပျော်ပါးနေထိုင်ရာ အပန်းဖြေပျော်ပွဲစားထွက်တဲ့ နေရာဆန်ဆန် မဖြစ်သင့်ပါဖူး။
ပုဂံ ရှေးဟောင်း နယ်မြေ တန်ဖိုးအနှစ်သာရတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့  ပုဂံရှေးဟောင်း ဘုရားစေတီပုထိုးတွေထဲ ဖွင့်လှစ်လျက်ရှိနေတဲ့ စားသောက်ဆိုင်များကို သင့်တော်ရာနေရာသို့  ပြောင်းရွှေ့ ဖို့  တောင်းဆိုလိုပါတယ်။
No comments:
Post a Comment