Monday, March 4, 2013

ထပြီးတော့ ပြောပါဦး သန်းရွှေရေ … ။

ထပြီးတော့ ပြောပါဦး သန်းရွှေရေ … ။

နအဖခေါင်းဆောင်ကြီး သန်းရွှေ အနားမယူခင်လေးက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အထူးစီမံကိန်းများအကောင်အထည်ဖေါ်ရေးအဖွဲ့ ရဲ့  အစည်းအဝေးမှာ ပြောကြားခဲ့တဲ့စကားကတော့ “ စပါးတင်းသန်း ၁၆၀၀ ခန့် အထိ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ပြီဖြစ်လို့  နောင်လူဦးရေ သန်း ၁၀၀ တိုးပွားလာသည်အထိ စားနပ်ရိက္ခာအတွက် ပူပင်ကြောင့်ကြရန် မရှိဘဲ လုံလုံလောက်လောက် စားသုံးနိုင်ကြောင်း” ဆိုပြီး ပြောကြားခဲ့ပါသတဲ့။ နိုင်ငံတော်ကြီးမှာ ၀မ်းစာရိက္ခာဖူလုံရုံမက ပိုလျှံနေပြီ ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသတဲ့။


မြန်မာပြည်ရဲ့  လူဦးရေ သန်းပေါင်း ၅၀ ကျော်ကို သန်းရွေပြောတဲ့အတိုင်း အထွက်တိုးစပါး သန်း ၁၆၀၀ သာ အမှန်တကယ်သာ ကျွေးမွေးထားနိုင်ရင် အိမ်တိုင်းက ဆန်အိုးတွေ ဆန်အပြည့်နဲ့  အရင်ခေတ်တွေက ပြောသလို မြန်မာပြည်ကြီး ဆန်ရွေသီးဆိုတဲ့ စပါးကျီပြည့်ဖြိုးတဲ့ နိုင်ငံတော်ကြီး ဖြစ်နေမှာပေါ့။ အခုတော့ ဆန်ဈေးတွေကကြီး ပြည်သူတွေ ဆန်စပါးမပြောနဲ့  ထမင်းရည်တောင် ၀ယ်သောက်သုံးနေရတဲ့ဘ၀တွေ အများကြီးပါဘဲ။

ယနေ့  လယ်သမားတွေဘ၀လည်း ကြည့်ပါဦး၊ လယ်ယာမြေတွေကို မတရားသိမ်းပိုက်ခံခဲ့ရ ခံနေရလို့  စပါးစိုက်ဖို့  မပြောနဲ့  ခြေချဖို့  မြေတောင် မရှိတဲ့ ဘ၀ ဖြစ်နေရတယ်။

ကဲ … အာဏာရှင်ကြီး သန်းရွှေရေ ထ ပြီးတော့ ပြောပါဦး၊ တပည့်ရင်းတွေ ဖြစ်တဲ့ သိန်းစိန်တို့ နဲ့  ဗိုလ်ချူပ်ကြီးတွေ တစ်ဘို့ ထဲသမား ကိုယ်ကျိုးကြည့် စီးပွားရေးသမားကြီးတွေကို။





No comments: