Thursday, April 25, 2013

ဗုဒ္ဒမြတ်စွာဘုရား သက်တော်ထင်ရှားရှိနေသေးရင်တောင် အဲ့ဒီ မိစ္ဆာဒိဌိတွေထံ တရားဟောပြောခွင့် တောင်းခံရဦးမလို ဖြစ်နေတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း ပိဋကတ်သုံးပုံ နိကာယ် စာသင်တိုက်အတွင်း တရားပွဲပြုလုပ်ကျင်းပလျက်ရှိသည်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုချက်မရှိဘဲ တရားပွဲကျင်းပတယ်ဆိုပြီး ဥပဒေအရ အရေးယူခံရမယ်လို့ အကြောင်းကြားလာပါတယ်။

ဗုဒ္ဒဘာသာ တရားတော်နဲ့ အညီ ပြုလုပ်တဲ့ တရားပွဲတွေ ကျင်းပတာကြတော့ လိုက်လံပိတ်ပင်တယ်၊ အခြားသော လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေကြတော့ မသိချင်ယောင်ဆောင်ပြီး လွှတ်ပေးထား။ အာဏာရူးတွေအလိုကျ ပင့်ဟောနေတာတွေ ပနံသင့်ပေါင်းနေတဲ့သူတွေကြတော့ ဟောချင်ရာ ဟော ပြောချင်ရာ ပြော ပြဿနာ မရှာ။

ဗုဒ္ဒမြတ်စွာဘုရား သက်တော်ထင်ရှားရှိနေသေးရင်တောင် အဲ့ဒီ မိစ္ဆာဒိဌိတွေထံ တရားဟောပြောခွင့် တောင်းခံရဦးမလို ဖြစ်နေတယ်၊ ဘာသာတရား နားမလည်တဲ့ ဘယ်နှယ့်သော အဟိတိရစ္ဆာန်တွေလည်း မသိ၊ နေရာတကာ လိုက်လံ ပိတ်ပင်နေတာများ။


No comments: