Monday, April 29, 2013

Roger Mitton ရေးသားချက်နဲ့  Myanmar Times ဖေါ်ပြချက်။

Roger Mitton ရေးသားချက်နဲ့  Myanmar Times ဖေါ်ပြချက်။

တစ်ချိန်တုန်းက အကြားအမြင်ရလို့  ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ ဆိုပြီး ရေကူးဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားသားအရူး ဂျွန်ယက်တောကြောင့် နေရင်းထိုင်းရင်း ဒုက္ခရောက်ရသလို ဒီအကြောင်းကို ပုံကြီးချဲ့ တဲ့ အာဏာရူးတွေကြောင့်လည်း မြန်မာပြည်အရေး ဂဃနဏ နားမလည်ကြတဲ့ မြန်မာပြည်အရေးကျွမ်းကျင်သူ Burma Expert နိုင်ငံခြားသားသောက်တစ်လွဲများကြောင့် ဂျွန်ယက်တော ကိစ္စက အရေးမပါ ဟိုးလေးကျော်ခဲ့ရသေးတယ်။

အခုလာပြန်ပြီ နောက်တစ်ယောက် - Roger Mitton။

သူရေးထားတာဖြစ်တဲ့ http://www.mmtimes.com/index.php/opinion/6569-oh-daw-suu-where-art-thou.html
ကို မဖတ်ခင် - အဲ့ဒီ Roger Mitton ပြောတဲ့ ယခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည် အစစ်မဟုတ်ပါဖူး၊ ဒေါ်အောင်ဆန်းစုကြည် အစစ်က ပျောက်ကွယ်နေပြီး လက်ရှိက ဒေါ်အောင်ဆန်းစုကြည် အတုဆိုလို့  Roger Mitton ကို မေးပါရစေ။

ဒေါ်အောင်ဆန်းစုကြည် ပုံရော သေသေချာချာ ကြည့်ဖူးရဲ့ လား၊ ဒေါ်အောင်ဆန်းစုကြည် အသံရော အာရုံစိုက်နားထောင်ဖူးရဲ့ လား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရော တစ်ကြိမ်တစ်ခါမျှ တွေ့ ဆုံဖူးရဲ့ လား။

Roger Mitton ပြောတာကို ရေးသားတာကို ပြောတဲ့ရေးတဲ့သူထက် အတော့်ကို အံ့သြမိတာက Myanmar Times ဘဲ။ ဒီပြောဆိုချက်ဟာ မမှန်ကန်ဖူးဆိုတာ သိသိကြီးနဲ့ Myanmar Times က ဖေါ်ပြတယ်ဆိုတာ အံ့သြမိတာ အမှန်ဘဲ။ Myanmar Times က ဘာသဘောနဲ့ ဖေါ်ပြတာလည်းဆိုတာ ဆန်းစစ်ကြည့်ရရင် - ဒီရေးသားချက်ကို ဖတ်မိတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့  အတွေးအခေါ်ရှိတဲ့ နိုင်ငံတကာပြည်သူတွေကို လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ အတုပါလို့  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြောချင်တာလား၊ ဒါမှ မဟုတ် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ အလိုကျ ပြောဆိုနေတယ်ထင်လို့  ထောက်ပြချင်လို့  ပြောတာလား တစ်ခုခုပါဘဲ။ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာပြည်သူလူထုအပေါ်ထားရှိတဲ့ အနေအထားတွေကို ၁၉၈၈ ခုနှစ်က စပြီး ဖြစ်စဉ်တောက်လျှောက်ကိုတော့ ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါပမေယ့် ပြောဆိုရေးသားတဲ့ Roger Mitton ရော Myannmar Times က ဖေါ်ပြတာရော ထူးခြားနေပါတယ်။

ချီးကျူးပါတယ် Roger Mitton နဲ့  Myanmar Times။






No comments: