Thursday, May 2, 2013

မိသားစုတွေ ကြေကွဲခဲ့ရတဲ့ည ။

မိသားစုတွေ ကြေကွဲခဲ့ရတဲ့ည ။

၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့  ညမှောင်ပိန်းနေချိန်မှာ ရုတ်တရက် ၀င်ရောက်လာတဲ့ အသံဆိုး ရေလှိုင်းမိုးတွေနဲ့  မြောပါပျောက်ဆုံးသွားခဲ့ကြရတဲ့ ပြည်သူပြည်သားတွေရဲ့  ဘ၀တွေ ….. “မိသားစုတွေ ကြေကွဲခဲ့ရတဲ့ ည” ပါ။

“မိသားစုတို့ ရဲ့ ကြေကွဲသော ည မေ့လို့  မရပါ” ဆိုတဲ့ ဒီစာတမ်းဆိုင်းဘုတ်ကို ရေးသားချိတ်ဆွဲခဲ့တဲ့ သူတွေ ယခုနေချိန် ယခုနေ့ ညမှာ ခွဲခွာသွားကြတဲ့ မိသားစုဝင်တွေအတွက် ရင်ဆို့ လွမ်းဆွတ်နေမှာ အမှန်ပါ။


ကိုယ်ချင်းစာတရားရှိသူတွေလည်း အဆိုပါ ကျန်ရစ်သူ မိသားစုတွေနဲ့ အတူ ရင်ထဲမှာ လှိုက်လှဲစွာ ခံစားတမ်းတပေးနေကြမှာပါ။ ကိုယ်ချင်းစာတရား မရှိခဲ့ကြသူတွေကတော့ ယနေ့ ယခုချိန်မှာ လူသားမဆန်မှုတွေကို မေ့ပျောက်ထားနေဆဲဖြစ်နေလိမ့်မလား ဒါမှမဟုတ် နာဂစ်ဘေးဒဏ်ခံခဲ့ရတဲ့ အသက်ဆုံးရှုံးသူ ပြည်သူပြည်သားတွေရဲ့  ၀ိညာဉ်ကျိမ်စာတွေဘဲ မိနေမလား ….



No comments: