Thursday, May 2, 2013

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သိန်းစိန်။

လက်ရှိ သမ္မတလုပ်နေသူ သိန်းစိန်ဟာ ၂၀၀၈ ခုနှစ် မြန်မာပြည် နာဂစ်မုန်တိုင်းဘေးအန္တရာယ်ကျချိန်မှာ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားခဲ့သူ ဖြစ်ပါတယ်။


နာဂစ်မုန်တိုင်းတိုက်ခတ်နေစဉ် တာဝန်မဲ့ခဲ့သူတွေထဲက အဓိက တစ်ဦး ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်မှာကို ကြိုတင်သိရှိခဲ့ပါလျက်နဲ့  ပြည်သူပြည်သားတွေ ဘေးအန္တရာယ်ဘေးက ရှောင်တိမ်းလွတ်မြောက်နိုင်အောင် အချိန်မီ သတင်းထုတ်လွှင့်ပေးခြင်း မရှိခဲ့ပါ၊ မုန်တိုင်းဘေးအန္တရာယ်ကျရောက်ခါနီး ကျရောက်နေချိန်မှာ လွတ်မြောက်အောင် ကယ်ဆယ်ရေးများကို ချက်ခြင်း စီစဉ်ဆောင်ရွက်ခဲ့ခြင်း မရှိပါ၊ ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့မှုများကို ပိတ်ပင်တားဆီးထား မုန်တိုင်းသင့် ပြည်သူပြည်သားများ စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်းများကို ထပ်ဆင့်ဒုက္ခပေးခဲ့ပါတယ်။

မုန်တိုင်းဘေးအန္တရာယ် ကင်းရှင်းသွားပြီး မိုးလေကင်းရှင်းတဲ့ နောက်နေ့ ရက်များမှသာလျှင် မုန်တိုင်းဘေးသင့်ရာဒေသတွေကို သွားရောက်ပြီး နိုင်ငံတကာအကူအညီပေးမှုနဲ့  မျက်နှာလုပ် ကျေးဇူးရှင်အမည်ခံ အနှစ်သာရမရှိ ဟန်ဆောင်မျက်နှာထား မုသားစကားများနဲ့  ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံဥပဒေအတည်ပြုရေး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အကြိုမဲစည်းရုံးတဲ့ ကြံစည်ချက်နဲ့  သိန်းစိန် ယခုတော့ နာဂစ်မုန်တိုင်းအကြောင်း နှာစေးအာစေးနေပါတယ်။

နာဂစ်မုန်တိုင်းဘေးအန္တရာယ်နဲ့  ပတ်သက်ပြီး တာဝန်မဲ့သူတွေ ….

No comments: