Wednesday, May 1, 2013

မတရားမှုကို ရဲရဲဝံ့ဝံ့ တော်လှန်ကြသော မြန်မာအလုပ်သမားဝန်ထမ်းအပေါင်းတို့ ၏ သမိုင်း ထွန်းပြောင်ဆဲ ဓါတ်ပုံမှတ်တမ်း (ကမ္ဘာ့အလုပ်သမားနေ့  May Day မေလ ၁ ရက်)။

မတရားမှုကို ရဲရဲဝံ့ဝံ့ တော်လှန်ကြသော မြန်မာအလုပ်သမားဝန်ထမ်းအပေါင်းတို့ ၏ သမိုင်း ထွန်းပြောင်ဆဲ ဓါတ်ပုံမှတ်တမ်း (ကမ္ဘာ့အလုပ်သမားနေ့  May Day မေလ ၁ ရက်)။

(မတရားမှုကို ရဲရဲဝံ့ဝံ့ တော်လှန်ကြသော မြန်မာအလုပ်သမားဝန်ထမ်းအပေါင်းတို့ ၏ သမိုင်း ထွန်းပြောင်ဆဲ ဓါတ်ပုံမှတ်တမ်းများအား ဖေါ်ပြအပ်ပါသည်)။


အမိမြန်မာနိုင်ငံမှာ အာဏာရူးတွေ မတရားအုပ်ချူပ်နေသောကာလတစ်လျှောက် အလုပ်သမားလူတန်းစားတစ်ရပ်လုံး အလုပ်သမားရပိုင်ခွင့်တွေ ဆုံးရှုံးနေခဲ့ကြပြီး အလုပ်ခွင်အတွင်း မတရားဖိနှိပ်ချုပ်ချယ်ခံရမှုတွေကို အာဏာရူးတွေလက်အောက်မှာ ကြုံတွေ့ ခံစားခဲ့ကြရတယ်။ အလုပ်သမားထုကို ကိုယ်စားပြုရပ်တည်ဆောင်ရွက်နိုင်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့ စည်းတည်ထောင်ခွင့် လုံးဝ မရရှိခဲ့ကြရဖူး။ မြန်မာပြည်ရဲ့  အလုပ်သမားထုဟာ အာဏာရူးတွေရဲ့  မတရားခိုင်းစေမှုတွေကို နှစ်ရှည်ကြာစွာ ခံစားခဲ့ကြရပြီး တိုင်းပြည်ရဲ့  အလုပ်သမားအခန်းကဏ္ဍဟာ မှေးမှိန်နေရုံမကဖူး နိုင်ငံရဲ့  ကုန်ထုတ်စွမ်းအားတွေဟာလည်း ကျဆင်းခဲ့ရလို့  မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့  ရောက်ရှိခဲ့ကြရတယ်။


ဒီအတွက် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ဒီမိုကရေစီရရှိရေးနဲ့  အာဏာရူးတွေ အုပ်ချူပ်မှုအောက်က လွတ်မြောက်ရေးတို့ အတွက် အလုပ်ခွင်အသီးသီး ဌာနဆိုင်ရာအသီးသီး စက်ရုံအလုပ်ရုံအသီးသီးက ၀န်ထမ်းအလုပ်သမားတွေဟာ ရဟန်းရှင်လူ ကျောင်းသားပြည်သူများနဲ့  တစ်သွေးထဲ တစ်သားတည်း ထပ်တူထပ်မျှ ဆန္ဒအစစ်အမှန်တွေကို ဖေါ်ထုတ်ခဲ့ကြတယ်။


၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအတွင်းမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေထဲက ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခံရလို့  သေဆုံးကြရသူ ထိခိုက်ဒဏ်ရာရကြသူ ထောင်သွင်းအကျဉ်းချခံရသူ အလုပ်သမားဝန်ထမ်းတွေ၊ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားဝန်ထမ်းတွေ၊ အလုပ်ခွင်ကို စွန့် ခွာပြီး သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ အတွက် နယ်စပ်ဒေသကို ထွက်ခွာသွားကြတဲ့ အလုပ်သမားဝန်ထမ်းတွေ၊ ဝေးလံခေါင်းပါးတဲ့ နေရာဒေသ ဌာနတွေကို ပြောင်းရွှေ့ ခံခဲ့ရတဲ့ အလုပ်သမားဝန်ထမ်းတွေ၊ ရာထူးတာဝန် လျှောချခံရတဲ့ အလုပ်သမားဝန်ထမ်းတွေ မြောက်မြားစွာ ရှိခဲ့ကြရပါတယ်။


အာဏာရူးတွေရဲ့  ရိုင်းစိုင်းသော လက်စားချေတုန့် ပြန်မှုကို ဘ၀တွေ ရင်းပြီး ပေးဆပ်ခဲ့ကြရပေမယ့် မြန်မာနိုင်ငံရဲ့  အာဏာရူးတွေကို ရဲရဲဝန့် ဝန့်  တော်လှန်ဆန့် ကျင်တဲ့ အလုပ်သမားထု သမိုင်းဟာ ဘယ်သောအခါမှ မှေးမှိန်ပျောက်ကွယ်မှုမရှိဘဲ ဂုဏ်ရောင်ပြောင်နေဆဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်တိုင်းမှာလည်း မတရားမှုတွေကို ဆန့် ကျင်နေတော်လှန်ကြတဲ့ အလုပ်သမားဆန္ဒပြပွဲတွေ ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။


အမိမြန်မာနိုင်ငံမှာ အာဏာရူးတွေ မတရား ဆက်လက်အုပ်ချူပ်နေသ၍ အာဏာရှင်စနစ်အား ဆန့် ကျင်တော်လှန်မယ့် အလုပ်သမားဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်နေဦးမှာ ဖြစ်ပါတယ်။

ယနေ့  ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့  (May Day မေလ ၁ ရက်နေ့ ) မှာ - အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက်တိုင်း တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ အသက်ပေးဆပ်ခဲ့ရသူ ထောင်သွင်းအကျဉ်းချခံထားရသူ အမိမြန်မာပြည်မှ ဝေးကွာသောနေရာဌာနများသို့ ရောက်ရှိနေကြသူ အလုပ်သမားဆန္ဒပြပွဲတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူ အလုပ်သမားဝန်ထမ်းအပေါင်းအား ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။


အလုပ်သမားထုကြီး၏ အထွေထွေအလုပ်သမားသပိတ်များဖြင့် အာဏာရူးများအား တော်လှန်တိုက်ပွဲဝင်ကြပါစို့ ။


အလုပ်သမားထုတစ်ရပ်လုံး အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ဆောင်ရွက်ပေးနိုင်မည့် အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် အာဏာရူးများအား တော်လှန်ဖယ်ရှားကြပါစို့ ။


အလုပ်သမားထုတစ်ရပ်လုံး၏ ဘ၀တိုးတက်သာယာဖွံ့ ဖြိုးရေးကို မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်မည့် စစ်မှန်သော ပြည်သူ့ အစိုးရပေါ်ပေါက်ရေးအတွက် အလုပ်သမားထုကြီး တစ်ရပ်လုံးမှ ၀ိုင်းဝန်းကြိုးစားကြပါစို့ ။


အလုပ်သမားဝန်ထမ်းအပေါင်းတို့ ၏ ရဲဝန့် သော အလုပ်သမားဆန္ဒပြလှုပ်ရှားမှု ပုံရိပ်များအား သမိုင်းမှတ်တမ်းတင်ကာ၊ မတရားမှုမှန်သမျှကို တော်လှန်သည့် အလုပ်သမားဝန်ထမ်းအပေါင်းတို့ ၏ စိတ်ဓါတ် အစဉ်တည်တံ့ ခိုင်မြဲပါစေသောဝ် ….


ယနေ့  ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့  (May Day မေလ ၁ ရက်နေ့ ) မှာ - အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက်တိုင်း တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ အသက်ပေးဆပ်ခဲ့ရသူ ထောင်သွင်းအကျဉ်းချခံထားရသူ အမိမြန်မာပြည်မှ ဝေးကွာသောနေရာဌာနများသို့ ရောက်ရှိနေကြသူ အလုပ်သမားဆန္ဒပြပွဲတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူ အလုပ်သမားဝန်ထမ်းအပေါင်းအား ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။

နစ်နေမန်း။

No comments: