အမျိုးစောင့်လိုနေကြတဲ့ ပုဂ္ဂိုလ်တွေ တရုတ်ပြည်ကလာတဲ့ ဂုတ်သွေးစုတ် တရုတ်ကြီးတွေနဲ့ ကြတော့ နှာစေးနေကြပါလား။
အမျိုးစောင့်လိုနေကြတဲ့ ပုဂ္ဂိုလ်တွေ တရုတ်ပြည်ကလာတဲ့ ဂုတ်သွေးစုတ် တရုတ်ကြီးတွေနဲ့ ကြတော့ နှာစေးနေကြပါလား။
တရုတ်လူမျိုးပိုင်စက်ရုံမှာ အသက်မပြည့်သေးသော မိန်းကလေးများကို မတရားခိုင်းစေခံနေရ ....
အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှု မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး စက်မှုဇုန် (၁) မြ၀တီ မင်းကြီး ကျောင်းတိုက် လမ်းတွင် တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီ ရှိပါတယ်။
တရုတ်လူမျိုးတွေက မြန်မာဗီဇာနဲ့ နေတယ်လို့ ပြောပါတယ်။ သက်တန့်နီယွန် ဆိုတဲ့ဆိုင်းဘုတ်ကလည်း စစ်ဆေး ရေးတွေလာမှ တပ်ဆင်ထားလေ့ ရှိတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးသီး ပြုလုပ်ရန် မိန်းခလေးတွေကို ခိုင်းစေပါတယ်။ မီသီးတွင် ပါရှိသော ခဲ ဆော်တဲ့ အလုပ်လုပ် ကြရပါတယ်။ ခဲဆော်တဲ့ နေရာမှာ ထင်းရှူးဆီသုံးပြီး ခဲ ဆော်ရမှာ ဖြစ်ပေမဲ့ ပြင်းလွန်းတဲ့ ဓါတုအက်စစ်တမျိုး သုံးပြီး ခဲဆော်ခိုင်းပါတယ်။ မိန်းခလေးတွေ ကိုယ်တိုင် ထင်းရှူးဆီ ယူလာ ခဲ့ရင်တောင်မှ တရုတ်တွေက လာသိမ်းသွားပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မရှိပါဖူး၊ အကာအကွယ်အနေနဲ့လက်အိပ်နဲ့ နှာခေါင်းစွပ်ဆိုတဲ့ ပေါပေါ ရနိုင်တာတောင် မပေးပါဘူးလို့ မလှိုင်မြို့  ညောင်ကန်ကျေးရွာမှ လာရောက်လုပ်နေကြတဲ့မိန်းခလေး အလုပ်သမားတွေက ပြောပါတယ်။
နေစရာ ပေးထားပေမဲ့မီး၊ ရေအသုံးပြုခ လုပ်ခကနေ ဖြတ်တောက်ပါတယ်။ မိုးရွာရင် မိုးမလုံလို့ မအိပ်ရဖူးလို့သိရှိ ရပါတယ်။ သုံးရက်လုပ်ခ လေးထောင်ကျပ် ပေးနေတာနေ (၂၅၀၀) ကျပ်ပေးတာ မကျေနပ်ကြတာကို ပြောဆိုကြတောင်းဆိုကြတော့ နောက်နေ့က စပြီး လာစရာ မလိုတော့ဘူးးဆိုပြီး တမင်သက်သက် အလုပ်ထုတ်လိုက်ပါတယ် တိုင်ချင်ရာ တိုင်ကြလို့လည်း တရုတ်လူမျိုး မြန်မာနာမည် ယူထားတဲ့ကျော်ဝင်းထွန်းက တွန်းထုတ်ရင်း ဆိုတယ်လို့ သိရပါတယ်။
အလုပ် ထုတ်ခံရတဲ့ မိန်ခလေးများမှာ - (၁၅) နှစ်ထဲက ၀င်လုပ်နေတဲ့ မမီးမီး-ဘ-ဦးကြည်လင် ညောင်ကန် မလှိုင်မြို့။ အသက် (၁၃) နှစ်ထဲက လုပ်နေတဲ့ မခိုင်မွန်ဟန်-ဘ-ဦကြည်လင် ညောင်ကန် မလှိုင်မြို့။ အသက် (၁၆) နှစ်ထဲက ၀င်ရောက်လုပ်နေတဲ့ မလှလှဝင်း -ဘဦးမောင်ညို ညောင်ကန်၊ မလှိုင်မြို့။ အသက် (၁၂) ခွဲလောက်ထဲက လုပ်နေတဲ့ မနီလာထွန်း ဘ-ဦးနိုင်ဝင်း ညောင်ကန်၊ မလှိုင်မြို့။ အသက် (၁၆) နှစ်ထဲက လုပ်တဲ့ မသင်းနွယ်အောင် ဘ-ဦးသန်းထွန်းအောင် ညောင်ကန်မလှိုင်မြို့။ အသက် (၁၆)နှစ် ထဲက လုပ်တဲ့ မတင်မော်အောင် ဘဦးသန်းထွန်းအောင် ညောင်ကန်၊ မလှိုင်မြို့။ အသက် (၂၄) နှစ်ထဲကလုပ်နေတဲ့ မဇာဇာ ဘ-ဦးရဲဝင်း ညောင်ကန်မလှိုင်မြို့။ အသက် (၂၂) နှစ်ထဲက လုပ်တဲ့ မနွယ်နွယ်ဝင်း ဘ-ဦးမောင်ညို ညောင်ကန်၊မလှိုင် မြို့။ အသက် (၂၂) ခွဲထဲက လုပ်တဲ့မဖြူသီဝင်း ဘ-ဦးရီ ညောင်ကန် မလှိုင်မြို့။ အသက် (၂၂) နှစ်ထဲက လုပ်တဲ့မသူဇာ ဘ-ဦးမင်းလှိုင် ညောင်ကန်၊ မလှိုင်မြို့။ အသက် (၁၆) နှစ်ခွဲ ထဲက လုပ်တဲ့မမိုးမိုး ဘ-ဦးမင်းလှိုင် ညောင်ကန် မလှိုင်မြို့။
ထို (၁၁) ဦးမှာ အလုပ်သမား နစ်နာရမှုတို့ကို မြ၀တီဆရာတော်နှင့် တပည့် ဒါယကာ ဦးဘိုကြိုင် (၀မ်းတွင်း) တို့ထံ လာရောက်ပြီး Rainbow တံဆိပ်ပါ မီးသီးသွင်း လုပ်ငန်း၏ ရက်ရက်စက်စက် အလုပ်ထုတ် ခံရသော နစ်နာမှုတို့ကို သမ္မတကြီးနှင့် နိုငံတော် အဆင့်လူကြီးများ ထံဥပဒေနဲ့ အညီ လုပ်ဆောင်ပေးပါရန် ပြောပြ အကူအညီတောင်း ခံလာတယ်ဆိုတာ သတင်းရရှိပါတယ်။
ခဲဆိပ်များကြောင့်လည်း ကျန်မာရေးချို့တဲ့နေရ တယ်လို့ သိရပါတယ်။ မြ၀တီ ဆ၇ာတော်-၀၉-၉၁၀၄၁၀၄၆၊ ၀၉-၃၃၁၁၅၅၀၉။ ကိုဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄။ တို့ကို မေးမြန်းနိုင်ပါတယ်။

No comments:
Post a Comment