Sunday, June 30, 2013

တရားဝင် ဗုဒ္ဓဘာသာ (ထေရ၀ါဒ) ၀င် မဖြစ်နိုင်ဖူးဆိုရင်တော့ တရုတ်တွေ ကိုရီးယားတွေနဲ့  ယူတဲ့ မြန်မာအမျိုးသမီးတွေ မဟာယာန တွေ ဖြစ်ကုန်ဦးမယ်။

တရုတ်နိုင်ငံနဲ့  မြောက်ကိုရီးယားနိုင်ငံမှာ ကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဟာ မဟာယာန၀ါဒ (Mahayana) ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒ (Theravada) ဖြစ်ပါတယ်။

ဒီအတွက် တရုတ်နိုင်ငံဖွား တရုတ်လူမျိုးတွေနဲ့  ကိုရီးယားနိုင်ငံဖွား ကိုရီးယားတွေ မြန်မာဗုဒ္ဓဘာသာ (ထေရ၀ါဒ) ၀င် မြန်မာအမျိုးသမီးတွေနဲ့  လက်ထပ်ပေါင်းသင်းလိုတယ်ဆိုရင် တရားဝင် ဗုဒ္ဓဘာသာ (ထေရ၀ါဒ) ၀င် ဖြစ်ရမယ်လို့  တောင်းဆိုရဲပါသလားလို့  မျိုးစောင့်ဥပဒေဖြစ်ရေး ဆောင်ရွက်နေကြတဲ့ သံဃာတော်ကြီးများနဲ့  လူပုဂ္ဂိုလ်များကို မေးချင်ပါတယ်။

တရားဝင် ဗုဒ္ဓဘာသာ (ထေရ၀ါဒ) ၀င် မဖြစ်နိုင်ဖူးဆိုရင်တော့ တရုတ်တွေ ကိုရီးယားတွေနဲ့  ယူတဲ့ မြန်မာအမျိုးသမီးတွေ မဟာယာန တွေ ဖြစ်ကုန်ဦးမယ်။

No comments: