Sunday, June 2, 2013

မတရားမှုကို ခေါင်းငုံ့  မခံကြတဲ့ အင်းတိုင်းရင်းသားတွေ။

မတရားမှုကို ခေါင်းငုံ့  မခံကြတဲ့ အင်းတိုင်းရင်းသားတွေ။

အင်းတိုင်းရင်းသားတို့၏ မတရားမှုအား ဆန့် ကျင်သည့် မြေယာတိုက်ပွဲဝင်မှုအား လေးစားပါသည်။

ယနေ့ နံနက် (၇) နာရီအချိန်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ၊ အင်းလေးဒေသ၊ ဟော်တယ်ဇုံစီမံကိန်းနယ်မြေအတွင်း ကန်ဘဲ့ကျေးရွာ အင်ကြင်းကုန်းကျေးရွာ ဝက်သကင်ကျေးရွာမှ တောင်သူ (၁၅၀) ဦးခန့်သည် သိမ်းဆည်းထားသော စိုက်ပျိုးမြေများအတွင်း ဝင်ရောက်ထွန်ယက် စိုက်ပျိုးခဲ့ကြပါသည်။ သီးနှံလျော်ကြေး မယူသော တောင်သူများအပါအဝင် ဒေသခံအင်းတိုင်းရင်းသားများ ပါဝင်ကြောင်း သိရပါသည်။

မိမိတို့အနေဖြင့် မိုးကျပြီဖြစ်သဖြင့် မိမိတို့ပိုင်ခြံမြေများတွင် ဝင်ရောက်စိုက်ပျိုးခြင်းဖြစ်ကြောင်း စာသင်ကျောင်းများဖွင့်ပြီဖြစ်သဖြင့် သားသမီးများအတွက် ကျောင်းစရိတ်ကို ခြံစိုက်ပျိုးမှ ရမည်ဖြစ်ကြောင်း ကန်ဘဲ့ကျေးရွာမှ ကိုခင်မောင်ဝင်းက ပြောဆိုပါသည်။

ပြည်နယ်အစိုးရနှင့် တွေ့ဆုံညိနိင်းခွင့် တောင်းထားကြောင်း အခုလို မြေယာစိုက်ပျိုးမူများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုသားကြီးက ပြောဆိုပါသည်။

ခရိုင်ရဲတပ်ဖွဲ့မူး ဦးကျော်အေး ဦးစီးသည့် ရဲတပ်ဖွဲ့ အင်အား (၅၀) ခန့် လာရောက်စောင့်ကြည့်နေကြောင်း သိရှိရပါသည်။



(သတင်း/ဓာတ်ပုံ - ကိုမိုး - မျိုးဆက်သစ် - ရှမ်းပြည်)။

No comments: