ကိုယ့်လယ်ယာခြံမြေအခွင့်အရေးအတွက် ကန့် ကွက်တောင်းဆိုတာနဲ့  ကျောင်းအုပ်ရာထူးကို ရပ်ဆိုင်းလိုက်တယ်ဆိုတာ အတော့်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပါ။
ကိုယ့်လယ်ယာခြံမြေအခွင့်အရေးအတွက် ကန့် ကွက်တောင်းဆိုတာနဲ့  ကျောင်းအုပ်ရာထူးကို ရပ်ဆိုင်းလိုက်တယ်ဆိုတာ အတော့်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပါ။
အင်းလေးဟော်တယ်ဇုံစီမံကိန်းအား တားဆီးသူ ခြံပိုင်ရှင် မူလတန်းကျောင်းအုပ်ရာထူးမှ လျှော့ခြခြင်း ခံရကြောင်း သိရှိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ ၊ သလဲဦးကျေးရွာအုပ်စုတွင် အင်းလေးဒေသဟော်တယ်ဇုံစီမံကိန်းအတွက် လယ်မြေ ခြံမြေနှင့် ထင်းစိုက်ခင်းများ အပါအ၀င် ၆၂၂ ဧက သိမ်းယူခဲ့ကြောင်း သိရှိရပါသည်။
ဟော်တယ်ဇုံစီမံကိန်းအတွက် မြေယာပြုပြင်နေစဉ် သီးနှံလျော်ကြေး မယူသော တောင်သူများ အပါအ၀င် ဒေသခံ အင်းတိုင်ရင်းသား ၁၅၀ ဦးခန့်မှ ကန့်ကွက်တားမြစ်ခဲ့ပြီး၊ အဆိုပါဖြစ်ရပ်နှင့် ပါတ်သက်၍ ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် အင်ကြင်းကုန်းကျေးရွာနှင့် ကန်ဘဲ့ကျေးရွာမှ တောင်သူ ၇ ဦးအား ပုဒ်မ ၁၈၈/ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရပါသည်။
တရားစွဲဆိုခံရသော တောင်သူ ၇ ဦးထဲတွင် မူလတန်းကျောင်းအုပ်ဆရာမတဦး ပါဝင်ခဲ့ကြောင်းသိရှိရပြီး၊ အဆိုပါ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်ခင်ဝင်းအား ရှမ်းပြည်နယ်အစိုးအဖွဲ့၏ (၁၈-၅-၁၃) ရက်စွဲပါ စာအမှတ် - ၄၆၀၈/၆ - ၃၆၄/အစရ (ရှမ်း) အရ (၁-၅-၂၀၁၃) ရက်နေ့မှ ရာထူးခေတ္တချထားကြောင်း ၂၇ ရက်၊ မေလတွင် ရှမ်းပြည်နယ် (တောင်
ပိုင်း) ပြည်နယ်၊ ပညာရေးညွှန်ကြားရေးမူးက အမိန့်ထုတ်ပြန်ကြောင်း သိရှိရပါသည်။
သတင်း/ဓာတ်ပုံ - ကိုမိုး - မျိုးဆက်သစ် (ရှမ်းပြည်)။

No comments:
Post a Comment