Saturday, June 15, 2013

ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့  ဂုဏ်ပြု အခမ်းအနားအား သြစတြေးလျနိုင်ငံတွင် ကျင်းပပြုလုပ်မည်။

ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့  ဂုဏ်ပြု အခမ်းအနားအား သြစတြေးလျနိုင်ငံတွင် ယနေ့  ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့  ဂုဏ်ပြု အခမ်းအနားတွင် သြစတြေးလျနိုင်ငံ၏ ပါလီမန်အမတ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ဟောင်းများ၊ မြို့ တော်ဝန်များမှ ဂုဏ်ပြုစကားပြောကြားခြင်း၊ ကရင် ကချင် ရခိုင်အစရှိသည့် တိုင်းရင်းသားအင်အားစုများမှ ဂုဏ်ပြုစကားပြောကြားခြင်းနှင့် တိုင်းရင်းသားအကများ ဖြစ်ကြသည့် ကရင်ဒုံးယိမ်းအက ရခိုင်ဆီမီးခွက်အက ကချင်တိုင်းရင်းသားအကများဖြင့် ဖြော်ဖြေတင်ဆက်ခြင်း၊ မြန်မာမိသားစုများမှ အကများနှင့် “အညတရတေးဂီတ၀ိုင်း” မှ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် သီချင်းများဖြင့် ဖြော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အထူးအစီအစဉ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့  ကိတ်ခ်အား ဖယောင်းတိုင်မီးများဖြင့် တက်ရောက်လာကြသော မြန်မာမိသားစုများ တိုင်းရင်းသားပြည်သူပြည်သားများမှ တစ်ပြိုင်နက် မီးထွန်းညှိခြင်း၊ မွေးနေ့ ရှင်အတွက် မေတ္တာပို့  ဆုတောင်းခြင်း၊ မွေးနေ့ ရှင်သို့  ဂုဏ်ပြုစကား ပြောကြားခြင်းတို့  ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။


No comments: