Saturday, June 15, 2013

အဖိနှိပ်ခံ တောင်သူလယ်သမားတွေအပေါ် မတရားလုပ်နေတာတွေကို ရပ်တန့် ပါ။

အဖိနှိပ်ခံ တောင်သူလယ်သမားတွေကို မတရားအနိုင်ကျင့်နေဦးမယ်၊ ဖမ်းတာဆီးတာတွေ ဆက်လုပ်နေဦးမယ်၊ မတရားဖမ်းထားသူတွေကို ဆက်လက်ချူပ်နှောင်တာတွေ ရှိနေဦးမယ်ဆိုရင်တော့ ဒီအစိုးရဟာ အာဏာရှင်အစိုးရဘဲဆိုတာ သက်သေပြတာဘဲ။


နတ်တလင်းမြို့နယ် သဲမခမ်း ကျေးရွာတွင် လယ်ယာမြေဆုံးရှုံးမှုအတွက် ထွန်တုံးတိုက်ပွဲဝင်ရန် ကြိုးပမ်းနေကြသော တောင်သူလယ်သမားများ၏ ဖိတ်ခေါ်မှုအရ နိုင်ငံသားတစ်ဦးအနေနှင့် တာဝန်သိစွာရောက်ရှိနေကြသော မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး ၊ နိုင်ငံရေးအကျဉ်းသား မိသားစုများအကျိုးဆောင်ကွန်ယက်မှ ဒေါ်ခင်မိမိခိုင်နှင့် နတ်တလင်းမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေသခံ ကိုသန့်ဇင်ထက်တို့အား ဇွန်လ (၁၀) ရက်နေ့ က အာဏာပိုင်များက ဆင့်ခေါ်ခဲ့ကြောင်း သိရှိရပါတယ်။

သို့ပေမယ့် ရာသီဥတုအခြေအနေကြောင့် နောက်ရက်များမှ လာရောက်၍ ရပါသည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ဇွန်လ (၁၄) ရက်နေ့  မနက် (၁၀) နာရီတွင် ၎င်းတို့ သုံးဦးအား အာဏာပိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ပိုင်နက်ကျုးလွန်မှု၊ နိုင်ငံရေးအရ ဆူပူလှုံ့ဆော်မှုတို့ဖြင့် တရားရုံးတွင် ချက်ခြင်း ရုံးထုတ်ကာ ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

ထို့အတူ ပြည်မြို့ တွင်လည်း ထွန်တုံးတိုက်ပွဲဝင်နေသော ပြည်မြို့မှ လယ်သမားခေါင်းဆောင် ကိုဝင်းလှိုင်အား ပုဒ်မ (၁၈) သုံးခုဖြင့် တစ်မှုလျှင် အလုပ်ကြမ်းနှင့် ထောင်ဒါဏ် တစ်လစီ ကျခံစေခြင်းဖြင့် ထောင်သုံးလကျခံစေကာ ပြည်ထောင်တွင် ထိန်းသိမ်းဖမ်းဆီးထားပါသည်။

ယနေ့ကာလတွင် ဒီမိုကရေစီစနစ်သို့ ဦးတည်နေပြီဟု အသံကောင်းဟစ်ကြွေးကာ ဒီမိုကရေစီ မျက်နှာဖုံးစွတ်ထားသော်လည်း တစ်တိုင်းပြည်လုံးတွင် ကိုလိုနီခေတ်စနစ်ကဲ့သို့ လယ်သိမ်းယာသိမ်းများ မကြာခဏ ဖြစ်ပေါ်နေပါသည်။ မြန်မာပြည်သူလူထု၏ စားနပ်ရိက္ခာအား ဖန်တီးပေးနေသော အဖိနှိပ်ခံ တောင်သူလယ်သမားများဘက်မှ ရပ်တည်နေသော လူထုခေါင်းဆောင်များအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် -

ဒေါ်မြင့်မြင့်အေး - 09 205 9904

ဒေါ်ခင်မိမိခိုင် - 09 421 035 164

ကိုသန့်ဇင်ထက် - 09 495 119 02

ကိုဝင်းလှိုင် (ပြည်) 09 423 701 409

No comments: