ဘီယာအလကားတိုက်မယ့် မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းကုမ္ပဏီ။
ဘီယာအလကားတိုက်မယ့် မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းကုမ္ပဏီ။
မိုးရာသီကာလဖြစ်တဲ့ ဇူလိုင်ကနေ စက်တင်ဘာလကုန်ထိ နိုင်ငံခြားသားခရီးသည်တွေ မြန်မာနိုင်ငံကို အလည်အပတ်နည်းလို့ ဆိုပြီး ဒီလ ဇူလိုင်လ (၃) ရက်နေ့ က စပြီး စက်တင်ဘာလကုန် (၃၀) ရက်နေ့  ထိ နေ့ တိုင်း မနက် (၆) နာရီကနေ ညနေ (၆) နာရီအတွင်း (၁၀) မိနစ်ထက်ကျော်ကြာအောင် မိုးရွာရင် ဘီယာအလကားတိုက်ပါမယ်ဆိုပြီး Khiri Myanmar ခရီးသွားကုမ္ပဏီကနေ ဆွဲဆောင်တဲ့ ကြော်ငြာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလို ဘီယာအလကားတိုက်မယ့် ကမ်းလှမ်းချက်ဟာ မြန်မာနိုင်ငံ ပုဂံမြို့ ၊ မန္တလေးမြို့ နဲ့  အင်းလေးကန်ဒေသတွေကိုသာ ခရီးသွားမယ့် နိုင်ငံခြားသား ခရီးသွားများအတွက်သာ ဖြစ်တယ်လို့  ဆိုပါတယ်။
မိုးနည်းနည်းဘဲ ရွာရွာ များများဘဲရွာရွာ နိုင်ငံခြားသားခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်ဖို့  ဘီယာအလကားတိုက်ပါမယ်လို့  တကူးတက ကြေညာ ဆွဲဆောင်ခေါ်ယူရတယ်ဆိုတာကတော့ မြန်မာနိုင်ငံရဲ့  ခရီးသွားလုပ်ငန်းအဆင့်မြင့်လွန်းလို့ ဘဲလား မသိဖူး။ နိုင်ငံခြားသားခရီးသွားတွေ လာရောက်ဖို့  ဘီယာအပြင် နောက်ထပ် အလကားပေးဖို့  ဘာတွေများ ထပ်မံဖြည့်စွက်ဖို့  ရှိဦးမလည်း မသိဖူး။
မြန်မာယဉ်ကျေးမှု ထွန်းကားရာနဲ့  ဘာသာတရားကိုင်းရှိုင်းရာ စေတီပုထိုးတွေ ပေါများတဲ့ ပုဂံ၊ မန္တလေး၊ အင်းလေးကန်ဒေသတွေမှာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ဘီယာသောက် မူးယစ်ကြမှာကို မိမိတို့  ကုမ္ပဏီအကျိုးစီးပွားတစ်ခုထဲအတွက် ကြည့်ပြီး မတော်မသင့်လုပ်တာတော့ မကောင်းပါဖူး။
No comments:
Post a Comment