Friday, July 5, 2013

ရဲတွေရဲ့  ကူညီပါရစေဆိုတာ အပြစ်ကျူးလွန်သူကို အမှုကနေ လွတ်အောင် ကူညီနေတာ ဖြစ်နေတယ်။

ရဲနဲ့  တရားဥပဒေ ခေါင်းနဲ့  ပန်းလိုဖြစ်နေ။

အောက်ဖေါ်ပြပါ အဖြစ်အပျက်ကို ကြည်ရင် ရဲတွေရဲ့  ကူညီပါရစေဆိုတာ အပြစ်ကျူးလွန်သူကို အမှုကနေ လွတ်အောင် ကူညီနေတာ ဖြစ်နေတယ်။

“ပုဒ်မ ၃၂၅ နဲ့တန်ပါရဲ့လား”

ဒါဟာ ခေါင်းကိုသံတူရွင်းနဲ့အသေရိုက်သတ်ခံရတဲ့ အမျိုးသမီးပါ။ အချက်ပေါင်း ၃၀နီးပါးခန့် ချုပ်ခဲ့ရပါတယ်။ အထဲမှာ သွေးခဲသွားတဲ့အတွက် ခေါင်းခွံကိုလှပ်ပြီး အော်ပရေးရှင်းကိုင်ခဲ့ရပါတယ်။ တရားခံကတော့ သေပြီဆိုပြီး အခင်းဖြစ်တဲ့ နေ့၂၆.၄.၂၀၁၃ က စပြီး ၂လကျော်တိုင်အောင် ထွက်ပြေးသွားခဲ့ပါတယ်။ မင်္ဂလာဒုံစခန်းမှရဲများသည် ထိုတရားခံပြေးအား ဖမ်းဝရမ်းမထုတ်သည့်အပြင် လိုက်လံဖမ်းဆီးခြင်းလည်းမရှိခဲ့ပေ။

ထို့ပြင် ဒီလောက် သေလုမျောပါး ဒါဏ်ရာများဖြင့် တကိုယ်လုံးသွေးအိုင်ထဲ လဲနေသော ထိုအမျိုးသမီးကို သာမာန်ရိုက်မှုဖြစ်သော ပုဒ်မ ၃၂၅ ဖြင့်သာ အမှုဖွင့်ခဲ့လေသည်။ ကျန်ရစ်သူမိသားစုမှာ ဥပဒေအကြောင်းလဲ နားမလည်ပါ။ ထိုအခြင်းအရာကို အခွင့်ကောင်းယူကာ တရားခံဘက်မှ ထိုရဲများနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်သည်။

ထိုတရားခံပြေးကို သူ့၏အဖေမှ လာအပ်ပြီး အာမခံဖြင့် ပြန်ထုတ်သွားခဲ့လေသည်။ အချုပ်ထဲ၌ပင် တရက် တနာရီ မနေသွားခဲ့ရပေ။ ငွေသည် အင်အားကြီးမားလေစွ။ ရပ်ကွက်ထဲ၌ သက်သေလိုက်မည့်သူများကို ခြိမ်းခြောက်၏။ ထိုတရားခံကောင်၏ အဖေသည် ရဲဆိုတာ ငွေပေးရင် ဖင်တောင်ချလို့ရတယ် မကျေနပ်ရင် ရိုက်ပစ်လိုက် ငွေနဲ့ရှင်းရင် အားလုံးပြီးတယ်ဟု အော်ဟစ်ကာ သူ့ခြံရှေ့၌ အော်ဟစ်၍ ပြောဆိုနေပါသည်။ တရားခံကောင်ကတော့ သူ့ကို ဘယ်ရဲမှ လက်ဖျားနဲ့ မတို့ လက်ထိပ်တောင်မခတ်ဟုဆိုကာ ပုဆိုးမကာမကာဖြင့် ထောင်လွှားနေသည်။

မိမိကို မသေမချင်း အရိုက်ခံရသော ထိုအမျိုးသမီးသည် ထိုအခြင်းအရာကို တွေ့သောအခါ မိမိအသက်ကို နောက်တကြိမ် ထပ်အရှာခံရမည်ဆိုး၍ ယခုအခါ သူ့၏ အိမ်မှာပင် မနေရဲပဲ အဝေးရှိ ဆွေမျိုးများအိမ်သို့ သွားရောက်နေထိုင်နေရပါသည်။

ထိုတရားခံကောင်ကို အာမခံပေး၍ လွှတ်လိုက်သော ကူညီပါရစေဟု တသွင်သွင်အော်နေသော ရဲများသည် ထိုအမျိုးသမီး၏ အသက်အန္တရာယ်ကို အာမ ခံနိုင်ပါမည်လား။ ပြည်သူ့ဝန်ထမ်းသည် ပြည်သူကျွေးသော ထမင်းကို စားကာ ပြည်သူကို ကူညီရမည်သာဖြစ်သည်။ စောင့်ရှောက်ရမည်သာ ဖြစ်သည်။ သို့ပါ၍ တိုင်းပြည်၏ ဆူးခလုတ်သဖွယ်ဖြစ်သော ထိုအကျင့်ပျက်ရဲများကို ရှင်းထုတ်ပစ်ရမည် ဖြစ်သည်။

ယခုပုဒ်မသည် ခံရသော ဒါဏ်ရာများနှင့် မည်သို့မျှ မတန်ပေ။ ပြစ်ဒဏ်လည်း လျှော့ပေါ့စွာ ကျနိုင်သောပုဒ်မ ဖြစ်သည်။ ထို့ကြောင့် ထိုက်တန်သောပြစ်ဒါဏ်ကို ကျခံနိုင်ရန် တရားဥပဒေကို စိုးမိုးစေလိုသော တာဝန်ရှိသူများမှ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။

No comments: