Friday, July 5, 2013

မြန်မာနိုင်ငံတရားရုံးများ ပြစ်မှုပုဒ်မ ၅၀၅ (ခ) နှင့် ပတ်သက်ပြီး တပြေးညီ မရှိဟု တရားလွှတ်တော်ရှေ့နေများဆို။

မြန်မာနိုင်ငံတရားရုံးများ ပြစ်မှုပုဒ်မ ၅၀၅ (ခ) နှင့် ပတ်သက်ပြီး တပြေးညီ မရှိဟု တရားလွှတ်တော်ရှေ့နေများဆို။


နိုင်ငံရေးလှုပ်ရှားသူများကို ၅၀၅ (ခ) ပုဒ်မတပ်ကာ တရားလက်လွတ်ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး ၅၀၅ (ခ) ခြင်းတူလျင် ရန်ကုန်မြို့ရဲစခန်း(၃)ခုမှ ပြစ်မှုပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အတွင်း ဆူပူမှုဖြစ်အောင် သွေးထိုးလှုပ် ဆော်မှုနှင့် ဖမ်းဆီးထားသော ကိုရဲမင်းဦးကို အာမခံပေးဖို့ လိုအပ်ကြောင်း မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ကမိန့်ကြားလိုက်သည်။

မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းကြောင့် ဗုဒဟူးနေ့တိုင် ရဲမင်းဦးလွတ်မြောက်ရန် ဆုတောင်းခဲ့တယ်၊ ရဲမင်းဦးဟာ ၅၀၅ (ခ) နဲ့ အဖမ်းခံရတာ၊ သူဟာ ၅၀၅ (ခ) မမြောက်ဘူးလို့ ထင်တယ်၊ လက်ပံတောင်းတောင် အရေးလှုပ်ရှားသူတွေကို ၅၀၅ (ခ) နဲ့ပဲ ဖမ်းဆီခဲ့ပြီး ဒီပုဂ္ဂိုလ်တွေအားလုံးကို အာမခံပေးပြီး လွှတ်ထားပါတယ်၊ ရဲမင်းဦးကိုတော့ ကျောက်တံတားရဲစခန်း၊ ဗဟန်းရဲစခန်း၊ သာကေတရဲစခန်းတို့မှ ၅၀၅ (ခ) နဲ့ပဲ အမှုဖွင့်ထားပြီး ၅၀၅ (ခ) ခြင်းတူရင်တော့ အာမခံပေးဖို့လိုပါတယ်၊ ရဲမင်းဦး ထိန်းသိမ်းခံရခြင်းဟာ တရားဥပဒေနဲ့အညီ မဟုတ်ဘဲ မတရားထိန်းသိမ်းခံရခြင်း ဖြစ်တယ်၊ ဦးဇင်းလည်း ဒီနေရာကနေ ကိုရဲမင်းဦးကို လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု မကွေးကျောင်းဆရာတော်ဦးပါမောက္ခက ဇွန် ၃၀ ရက်နေ့ အမေရိကန်အခြေဆိုက် တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်ဆန္ဒပြပွဲတွင် မိန့််ကြားသည်။

သမ္မတဦးသိန်းစိန် သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ အေအေပီပီ တွဲဘက်အတွင်းရေးမှူးလည်းဖြစ်သော ကိုဘိုကြည်က ”နိုင်ငံရေးအကျဉ်းသား တွေကို စိစစ်ပြီး လွှတ်ပေးဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်နေတဲ့အချိန်မှာ အခုလိုဥပဒေမဲ့ ဖမ်းဆီးမှုတွေ ရှိနေဦး မယ်ဆိုရင် ကျနော်တို့အနေနဲ့ လက်ရှိအစိုးရအပေါ်ယုံကြည်ဖို့ခက်ခဲစေမှာ ဖြစ်တယ်၊ ဒါ့အပြင် နိုင်ငံတကာရဲ့ သံသယတွေဟာလည်း ပိုလို့သာ တိုးလာမှာဖြစ်တယ်” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ရောဘက်စန်းအောင် က ” ပြစ်မှုပုဒ်မ ၅၀၅ (ခ) ကို တချို့တရားရုံးတွေက အာမခံ လုပ်ပေးတယ်၊ တချို့တရားရုံးတွေကတော့ လုပ်မပေးဘူး၊ အမှန်ဆို တရားရုံးတွေက မြန်မာနိုင်ငံမှာ တပြေးညီတည်း ဖြစ်သင့်ပါတယ်” ဟု ၅၀၅ (ခ) နဲ့ ပတ်သက်ပြီး သုံးသပ်ပြသည်။

ကိုရဲမင်းဦး၏ အမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ”အာမခံနဲ့ ပတ်သက်လို့ တရားသူကြီးမှာ စဉ်းစားရမယ့်အချက် နှစ်ချက်ရှိတယ်။ စွပ်စွဲခံရတဲ့သူဟာ အာမခံပေး လိုက်ရင် ထွက်ပြေးတိမ်း ရှောင်နိုင်တဲ့လူ ဟုတ် မဟုတ်နဲ့၊ အာမခံပေးလိုက်ရင် တရားလို သက်သေတွေကို မလျော်သြဇာနဲ့ သုံးနိုင်သလား၊ ဒီနှစ်ချက်ကို တရားရုံးတွေက သုံးသပ်ပြီးတော့ အာမခံကို စဉ်းစားပေးရမယ်၊ ကိုရဲမင်းဦးဟာ ထွက်ပြေးတိမ်းရှောင်နေမယ့်လူလည်း မဟုတ်သလို၊ တရားလိုသက်သေတွေပေါ်မှာလည်း မလျော်သြဇာသုံးမယ့်သူလည်း မဟုတ်ဘူး၊ ဘာပြုလို့လည်းဆိုတော့ သက်သေတွေက ရဲအရာရှိတွေ၊ အစိုးရ ရဲဝန်ထမ်းတွေ အုပ်ချုပ်ရေးပိုင်းကသူတွေချည်းပဲလေ၊ ကိုရဲမင်းဦးကို အာမခံနဲ့ ပတ်သက်လို့ ပယ်လိုက်တဲ့အချက်က ဘာတွေပြထားသလဲဆိုတော့ အာမခံပေးလို့ မရတဲ့ အချက်ဖြစ်နေလို့ပါလို့ ပြောတယ်၊ နောက် တရားလိုကိုလည်း မစစ်ရသေးဘူး၊ အာမခံပေးသင့်မပေးသင့် တရားရုံးတွေက ဆင်ခြင်သုံးသပ်တဲ့နေရာမှာ ဥပဒေနှင့် မညီတဲ့ အကြောင်းပြချက်တွေပဲ ပေးတယ်၊ ကျွန်တော်တို့ တင်ပြတဲ့ အချက်တွေကို ဥပဒေနှင့်အညီ သုံးသပ်ရမယ့်ဟာတွေကို မသုံးသပ်ဘူး” ဟု ရှင်းပြသည်၊

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) မှ အတွင်းရေးမှူး ကိုရဲမင်းဦးသည် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော အထွေထွေသပိတ်တွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ရှေ့တန်းမှ ပါဝင်ခဲ့ပြီး ဖမ်းဆည်းထောင်ချခြင်းကို ခံခဲ့ရကာ ၂၀၁၁ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သည်။

(လင်းဆက်အောင်၊ ရန်ကုန်၊ ဇူလိုင် ၅၊ ၂၀၁၃ ခုနှစ်)။


No comments: