တရုတ်နိုင်ငံ သတင်းဌာနတစ်ခုက မြန်မာပြည်အရေးနဲ့  ပတ်သက်ပြီး ဖေါ်ပြလိုက်တဲ့ သတင်းဟာ ဖေါ်ပြချက်တွေ မှားယွင်းနေပါတယ်။
တရုတ်နိုင်ငံ သတင်းဌာနတစ်ခုက မြန်မာပြည်အရေးနဲ့  ပတ်သက်ပြီး ဖေါ်ပြလိုက်တဲ့ သတင်းဟာ ဖေါ်ပြချက်တွေ မှားယွင်းနေပါတယ်။
ကျောင်းသားတပ်မတော် (ABSDF) ကို ဖေါ်ပြတဲ့နေရာမှာ Myanmar National Student Democratic Front လို့  မှားယွင်းစွာ ဖေါ်ပြထားပါတယ်။ အမှန်က All Burma Students’ Democratic Front ဖြစ်ရမှာပါ။ ABSDF လည်း တရုတ်သတင်းဌာနကြောင့် MNSDF ဖြစ်သွားရပါတယ်။
ထူးခြားတာတစ်ခုကတော့ ဒီတရုတ်သတင်းဌာနရဲ့  ဖေါ်ပြချက်ထဲမှာ ABSDF ရယ်၊ မြန်မာအစိုးရရယ်၊ နောက် ဗစ်တိုရီးယားကိုယ်စားပြု ကော်မီတီဆိုတာရယ် ပါနေပြီး ဒီသုံးခုက ကျန်ခဲ့တဲ့ သြဂုတ်လ (၁၀) ရက်နေ့ က ငြိမ်းချမ်းရေးအတွက် အချက် (၁၃) ချက်ပါ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့  ဖေါ်ပြထားပြီး၊ သတင်းပူးတွဲဖေါ်ပြပါ ဓါတ်ပုံကလည်း မှားယွင်းနေပါတယ်။ တရုတ်သတင်းဌာနတစ်ခုအနေနဲ့  ဒီလို မှားယွင်းမှုဟာ မတော်တဆလား ရည်ရွယ်ချက်ရှိရှိလားဆိုတာ မြန်မာပြည်အရေးနဲ့  ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့  စွက်ဖက်မှုတွေကို သတိထားရမလို ဖြစ်နေပါပြီ။

No comments:
Post a Comment