Tuesday, August 13, 2013

ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်ဒီပါတီနှင့် အခြားသော နိုင်ငံရေး လူမှုရေး အထင်ကရပုဂ္ဂိုလ်အချို့  အား ပုတ်ခတ်ပြောဆိုသည့် ဘ၀င်ရူး ကောင်းမြတ်ထွဋ်။

ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်ဒီပါတီနှင့် အခြားသော နိုင်ငံရေး လူမှုရေး အထင်ကရပုဂ္ဂိုလ်အချို့  အား ပုတ်ခတ်ပြောဆိုသည့် ဘ၀င်ရူး ကောင်းမြတ်ထွဋ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အလေးထားဆက်ဆံခြင်းကို ခံယူနေရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီထူထောင်ရေးနှင့် သက်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သတ်ပြီး လေးဆယ့်ငါးမိနစ်ကြာ လက်ချာရိုက်ပြောကြားခဲ့သည်ဟု သတင်းမီဒီယာသမားများရှေ့ တွင် အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ကောင်းမြင့်ထွဋ်ဆိုသူက ပြောကြားခဲ့သည့်အပြင် မီဒီယာများ သတင်းထောက်များနှင့်  အခြားသော ပုဂ္ဂိုလ်များကိုပါ ထိခိုက်စွာ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၃၆ လမ်း (အလယ်) ရှိ အင်ပါယာနေ့စဉ်သတင်းစာတိုက်တွင် ကျန်ခဲ့သည့် လ ဇူလိုင်လ (၂) ရက်နေ့က ကောင်းမြတ်ထွဋ်သည် သတင်းမီဒီယာသမားများရှေ့၌
နိုင်ငံရေးနှင့် လူမှုရေးလောကတွင် ထင်ပေါ်ကျော်ကြားနေသော ပုဂ္ဂိုလ်များနှင့် ပတ်သတ်သော အတွင်းရေးများနှင့် အများလက်မခံနိုင်သည့် အကြောင်းရင်းမခိုင်လုံသော အချက်များကို ထိပါးစွာ စော်ကားပြောကြားခဲ့သည်ဟု သိရှိရသည်။

ထို့ အတူ ကျန်ခဲ့သည့်နှစ်ကလည်း စီးတီးစတားဟိုတယ်တွင် ပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံရေး မိတ်ဆွေပါတီများ၏ ရွေးကောက်ပွဲအတွေ့အကြုံ ရှင်းလင်းပွဲ၌လည်း မြန်မာအမျိုးသားကွန်ဂရက်ပါတီ၏ ခေါင်းဆောင် ကောင်းမြင့်ထွဋ်သည် “ဒေါ်စုကို နိုင်ငံရေးမှာ ပြန်ပါဖို့၊ ၉၀ ရလဒ်ကို စွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော် ပထမဆုံးဖြစ်နိုင်ပါတယ်” “၈၈ မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး” “ဒေါ်စုဟာ အမျိုးသားခေါင်းဆောင် မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက တစ်ဦးသာ ဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာ မဟုတ်ပါဘူး။ ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာ ဖြစ်ပါတယ်” “အန်အယ်လ်ဒီဟာ ၉၀မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဖျားရှုးသွားပါတယ်” “အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကို အနိုင်ယူတာလဲ။ ကျနော့်ကို အနိုင်ယူရင်ကော အရသာရှိသွားသလား။ အန်အယ်လ်ဒီအတွက် ငါးသိန်းက လွယ်ချင်လွယ်မယ်။ ကျနော်တို့ အတွက် ငါးသိန်းက ရှိတာရောင်းပြီး လုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေး မဆင်း နိုင်ပါဘူး” “နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင် လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော” ဟု ပုတ်ခတ်ပြောဆိုခဲ့သူ ဖြစ်သည်။

ထို့ အတူ ကောင်းမြတ်ထွဋ်သည် ၄င်းပိုင် အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် (၇) ဦးအား ရပိုင်ခွင့်လစာအား မပေးဘဲ အလုပ်မှ မတရားဖြုတ်ခဲ့ကြောင်း သိရှိရသည်။

(သတင်း/ဓါတ်ပုံ - လင်းဆက်)။



No comments: